Wednesday, April 30, 2014

ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့


ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက အဲဒီလိုကမ်းလှမ်းမှုကို လက်ခံ လိုက်ပြီး ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။

သီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ ကေအိုင်အိုက ပေးပို့တဲ့စာမှာပါရှိ တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List