Wednesday, April 30, 2014

အမေရိကန်သမ္မတ အိုဘားမား၏ အာရှ ၄ နိုင်ငံ ခရီးစဉ် အဆုံးသတ်


အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ၁ ပတ်ကြာ အာရှ ၄ နိုင်ငံ ခရီးစဉ် အဆုံးသတ်ပြီး အမေရိကန်နိုင်ငံကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ပြန်ရောက်လာပြီး ဖြစ်ပါတယ်။သူရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်က အာရှပစိဖိတ်ဒေသကို ဦးတည်မယ့်ဗျူဟာပြောင်းမှုကို ဖော်ပြဖို့ အတွက်ပါ။
ဒေသတွင်းတရုတ်ရဲ့ သြဇာကြီးမြင့်လာမှုကို တန်ပြန်ဖို့ ရည်မှန်းတာလို့ အများက ရှုမြင်နေပြီး ဒေသတွင်း အစောပိုင်း သုံးသပ်ချက်တွေကတော့ ရောထွေးနေတာ ဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်အတွင်း အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက်ကို မကြေညာနိုင်ခဲ့လို့ ပစိဖိတ် သမုဒ္ဒရာဖြတ်ကျော် ကုန်သွယ်ရေးပိုကျယ်ပြန့်တဲ့ သဘောတူညီမှုစာချုပ် နောက်ကွယ်က အရှိန်အဟုန်တွေ အတွက် မေးခွန်းထုတ်နေကြပါတယ်။

တရုတ်အစိုးရကတော့ အမေရိကန်နဲ့ ဂျပန်တို့ဟာ သူတို့ရဲ့ စစ်အေးခေတ် စိတ်နေ စိတ်ထားကို စွန့်လွှတ် ဖို့ ဆော်သြပါတယ်။ဒါပေမယ့် တချို့ပညာရှင်တွေက လာမယ့်အပတ်တွေမှာမှ တရုတ်အစိုးရရဲ့ တုန့်ပြန် မှုတွေက ပိုရှင်းလာမယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားဟာ တောင်ကိုရီးယားခရီးစဉ်အတွင်း ဧပြီ ၁၆ ရက်နေ့ သင်္ဘော နစ်မြုပ် မှုကြောင့် သေဆုံးသူတွေအတွက် ၀မ်းနည်းကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အခက်အခဲအတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သွေး စည်းကြောင်း ဖော်ပြပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်ကို ထိန်းချုပ်ဖို့ အတွေးအခေါ်သစ်တော့ ရှိပုံမရဘူးလို့ မီဒီယာတွေက ရေးပါတယ်။

ဖိလစ်ပိုင်ခရီးစဉ်အတွင်း အမေရိကန်သမ္မတဟာ ဖိလစ်ပိုင်နဲ့ ၁၀ နှစ် စစ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အမေရိကန်တပ်တွေ၊ သင်္ဘောတွေနဲ့ လေယာဉ်တွေဟာ ဖိလစ်ပိုင်အခြေစိုက် စခန်းတွေမှာ ပိုပြီး ၀င်ထွက်နိုင်တော့မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List