Saturday, May 03, 2014

မြစ်ဆုံ ရပ်ဆိုင်းရေး လမ်းလျှောက်သည့်အဖွဲ့ မြစ်ကြီးနားရောက်ရန် မိုင် ၃၀ သာလို


ဧရာဝတီ မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့မှ လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ သည် မေလ ၂ ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့နယ်ခွဲတွင် ရောက်ရှိနေ ပြီဖြစ်ပြီး မြစ်ကြီးနားမြို့ရောက်ရန် မိုင် ၃၀သာလိုတော့သည်ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှစတင် ထွက်ခွာခဲ့ပြီး မန္တလေးမြို့ မရောက်မီ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကားလမ်းအတိုင်း ခွဲထွက်ခဲ့သည့် ကိုရဲထွဋ်ခေါင် ဦးဆောင်သော လူ၄၀ ကျော်ပါ အဖွဲ့သည် ဧပြီလ ၁ရက်တွင် မိုးကောင်းမြို့တွင် တစ်ည ရပ်နားခဲ့သည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

“၆ ရက်နေ့ကို မြစ်ကြီးနားကို ဝင်ပါမယ်။ ၇ ရက် ၈ ရက်နေ့ကို ကျွန်တော်တို့ မြစ်ဆုံ ဖျက်သိမ်းရေးအတွက် လူထုဆန္ဒခံယူပွဲကို ဒီစီမံကိန်းတည်ရှိတဲ့ တန်ဖရဲမှာ ကျင်းပဖို့ ရှိပါတယ်”ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများသည် တစ်ရက်လျှင် မိုင် ၃၀ နှုန်းဖြင့် လျှောက်ခဲ့ရာ လာမည့် မေလ ၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီးမေလ ၇ ရက်၊ ၈ ရက်တွင် မြစ်ဆုံ ၌ မြစ်ဆုံစီမံကိန်း ဖြတ်သိမ်းရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ဆိုသည်။

ဧရာဝတီမြစ် အနောက်ရှေ့ဘက်ခြမ်း ကားလမ်းမှ လူ ၂၂ ဦးပါဝင်သော အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့တွင် ရောက်ရှိနေပြီး ၎င်းတို့အဖွဲ့မှာ ရက်သတ္တပတ်ခန့်နောက်ကျ၍ မြစ်ဆုံသို့ ရောက်ရှိနိုင်လိမ့် မည်ဟု သူက ဆိုသည်။

လမ်းတလျှောက် ပြည်သူလူထုများနှင့် အလှူရှင်များထံမှ ရရှိသော အလှူငွေ ကျပ် ၁၁ သိန်းကို ဘဏ်တွင် အပ်နှံထားပြီး လက်ရှိ ရရှိသော အလှူငွေ ကျပ် ၃ သိန်းရရှိနေပြီ ဖြစ်ကာ အခြား ဧရာဝတီမြစ်အရှေ့ ဘက်ခြမ်း ကားလမ်းမှ လမ်းလျှောက်လာသူများ ရရှိသော အလျှူငွေများနှင့် စုစုပေါင်း သိန်း ၂၀ခန့် လက်ခံရရှိနေပြီ ဖြစ်သည်။ ယင်းအလှူ ငွေများကိုမြစ်ကြီးနားမြို့မှ ကချင်လူငယ်များထံ လွှဲအပ်ကာ ကချင်စစ်ပြေးဒုက္ခသည်များကို လှူဒါန်းသွားမည်ဟုလည်း ကိုရဲထွဋ်ခေါင်က ပြောသည်။

လမ်းလျှောက်သူများက ခြေထောက်ကွဲခြင်း၊ ခြေသည်းကျွတ်ခြင်း၊ အရေကြည်ဖုပေါက်ခြင်းများ ဖြစ်သော် လည်း ကျန်းမာရေးစောင့်လျှောက်မှုကို NLD နှင့် ဒေသခံ လူငယ်ကွန်ယက်တွင် ကျွမ်းကျင်သော ဆရာဝန်များ၏ ကုသမှုကြောင့် ကျန်းမာရေးဆိုးဆိုးဝါးဝါး ခံစားရသူများ မရှိကြောင်း သိရသည်။

ထို့ပြင် လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များက အနှောက်အယှက်များ မရှိသော် လည်း ဖုန်းလိုင်းများ ပြတ်တောက်ပေးခြင်းများ ကြုံတွေ့နေရပြီး ခရီးစဉ်တစ်လျှောက် ဖြတ်သန်းခဲ့သော မကွေး၊ ချောက်၊ ရေနံချောင်း၊ ဆပ်သွား၊ ပဲခူးတိုင်းတွင် ဒုရင်ဗိုလ်မြို့၊ မန္တလေးတိုင်းတွင် ညောင်ဦး၊ မြင်းခြံ၊ စဥ့်ငူ စသည့် မြို့နယ်များ အပါအဝင် မြို့နယ် ၅၀ ကျော်တွင် ခေါင်းဆောင်များကို ပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုထားသည်။

“ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာကို တရားစွဲဆိုတာက နိုင်ငံတော် သမ္မတကြီးရဲ့ ၅ နှစ်သာ ကာလ အဟန့်အတားဖြစ်စေခဲ့တယ်။ ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး။ နိုင်ငံတကာက စောင့်ကြည့်နေ ပါလိမ့်မယ်။ သမ္မတကြီးက မြစ်ဆုံကို ဖြတ်သိမ်းချင်တဲ့ဆန္ဒရှိပါတယ်။ ဒါပေမဲ့လည်း အောက်ခြေမြို့နယ် ဌာနဆိုင်ရာ အသီးသီးက သမ္မတကြီးရဲ့ ဆန္ဒကို လစ်လျူရှုသလို ဖြစ်နေတယ်။ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတာ က နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ဖွယ် ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကို တရားစွဲဆိုမသင့်ဘူးလို့ ပြောချင်တယ်”ဟုပြောသည်။

No comments:

Post a Comment

My Blog List