Wednesday, April 30, 2014

တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့်ရေနံချက် စက်ရုံအတွက် ဒေသခံများဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုတွင် စီးပွားရေးဦးပိုင် လီမီတက်၊ထူးကုမ္ပဏီများအုပ်စုနှင့်တရုတ်နိုင်ငံ Zhenrong Energy Com.Ltd (GDZR)ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်မည့်ရေနံချက်စက်ရုံကို ဒေသခံများက ယနေ့ကန့်ကွက်ဆန္ဒပြကြောင်းသိရသည်။
အဆိုပါရေနံချက်စက်ရုံကို ၂၀၁၁ ခုနှစ်မှစပြီး လောင်းလုံမြို့နယ်ညင်းမော်ကျေးရွာအုပ်စု၊ ယင်းဘုတ်နဲ့ဂေါ် အင်းကျေးရွာတွေမှာတည်ဆောက်ဖို့ ပြင်ဆင်နေကြောင်းသိရဟုသည်။ စက်ရုံစီမံကိန်း အကျယ်အဝန်း ဧရိယာ ဧက ၁ သောင်းကျော်အတွက် အဆိုပါကျေးရွာများမှ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွေ့နေရာ ချထားပေးရန် စီစဉ်နေသည်ဟု သိရသည်။

“ စက်ရုံဆောက်ဖို့ဆိုပြီးတော့ရပ်ကွက်ထဲကအိမ်တွေမှာ လူတွေမရှိတဲ့အချိန်ဝင်ပြီး ခွင့်ပြုချက် မတောင်း ပဲမြေစမ်းသပ်ခြင်းတွေလုပ်တယ်၊ရေတွေစမ်းသပ်ကြတယ်၊ ပြည်သူတွေကဒီလိုအပြုအမူတွေကိုမလိုလား ဘူးလေ၊ နောက်တော့အဲဒီစီမံကိန်းကိုလည်းမလုပ်စေချင်ဘူး။ဒေသခံတွေက တံငါလုပ်ကိုင် စားသောက်ကြတယ်၊နောက်စိုက်ပျိုးရေး လုပ်ကိုင်စားသောက်အသက်မွေးဝမ်းကြောင်းမှုပြုကြတယ်။
 
ဒီတော့ စီမံကိန်းတွေကြောင့်ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေကို ဒေသခံတွေမလိုချင်ဘူး၊ အဲဒါကြောင့် စီမံကိန်းဆိုတာကြီး မစခင်ထဲက တားရမယ်လေ၊ စပြီးမှ တားတယ်ဆိုတာမထိရောက်ဘူး၊ ဒီတော့ပြည် သူတွေက အဲ့ဒါတွေကိုမကျေနပ်လို့ဆန္ဒပြတောင်းဆိုရတာပါ၊ တောင်းဆိုရာမှာလည်း လောင်းလုံမြို့ကဌာန ဆိုင်ရာတွေအများစု ရုံးစိုက်တာဆိုတော့ အစိုးရုံးတွေရှေ့မှာ ဆန္ဒပြဖို့သွားတာကို လောင်းလုံမြို့ထဲ၊ ရပ်ကွက်ထဲကလမ်းလျှောက်ခွင့်မရဘဲ တောလမ်းကနေ သွားခိုင်းပါတယ် ” ဟု ဒေသခံတစ်ဦးဖြစ်သူ မရွှေစင်ယုကပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲကို ကိုနေဝင်း၊ ကိုမောင်မောင်အေးတို့က ဦးဆောင်ပြီးဒေသခံ ၃၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ပြီး ဆန္ဒပြတောင်းဆိုရာတွင် လောင်းလုံ ကျောက်နီမော် ကားလမ်းအတိုင်း လောင်းလုံမြို့နယ် အထွက်အထိ ၄ မိုင်ခန့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

ချမ်းမင်းဟန်
The Myanmar Age

No comments:

Post a Comment

My Blog List