Friday, May 02, 2014

နိုင်ဂျီးရီးယား ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံး

နိုင်ဂျီးရီးယား မြို့တော် အဘူဂျာတွင် ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင်များမှ ပြောဆိုခဲ့သည်။
ညနေ ၈ နာရီခန့်တွင် အလုပ်သမားများ အိမ်ပြန်ရန် စောင့်ဆိုင်းနေကြသည့် ကားဂိတ်၌ ပေါက်ကွဲမှု ဖြစ် ပွားခဲ့ကြောင်းနိုင်ငံ့ အရေးပေါ် စီမံခန့်ခွဲမှု ဌာန၏ ပြောရေးဆိုခွင့် ရှိသူ မန်ဇို အီဇက်ကီယ်မှ ပြောဆိုခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧရိယာအား ပိတ်သိမ်းထားစဉ်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြသည်။ သတိလစ်နေသော လူ ၉ ဦးခန့်မှာ သီးခြား ဆေးရုံများတွင် ကုသမှုခံယူလျက် ရှိသည်။

နိုင်ဂျီးရီးယား ရေဒီယို အသံလွှင့်ဌာနမှ ဒဏ်ရာရရှိသူများအတွက် လိုအပ်သော သွေးများကို လှုဒါန်းကြ ရန် နှိုးဆော်ခဲ့သည်။

ယခု ဖြစ်ပွားခဲ့သော နေရာမှာ ဧပြီလ ၁၄ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနှင့် မီတာ ၁၀၀ ခန့် အကွာတွင် ဖြစ်ကြောင်း မစ္စတာ အီဇက်ကီယ်မှ ပြောဆိုခဲ့သည်။ ၎င်းဖြစ်စဉ်မှာ မနက်ခင်း အလုပ်ဆင်းသူ များနှင့် ပြည့်နှက်နေသည့်ညန်ရာ ကားဂိတ်အနီးတွင် ရပ်တန့်ထားသော ကားတစ်စီးမှ ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

ဧပြီလ ၁၄ ရက် ဗုံးဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ်အဖွဲ့ခေါင်းဆောင်ဖြစ်သူမှ ပြောကြားခဲ့သည်။ အဖွဲ့၏ အမည်သည် ဒေသတွင်း ဘာသာစကားဖြင့် အနောက်တိုင်း ပညာရေးမှာဒုစရိုက် ပြစ်မှုတစ်ခု ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
 
၎င်းတို့ အဖွဲ့သည် ကျောင်းများ၊ ခရစ်ယာန် ချာ့ခ်ျကျောင်းများ၊ ဗလီများကို ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြပြီး ကလေးသူငယ်နှင့်အမျိုးသမီးများကို ပြန်ပေးဆွဲခြင်း၊ နိုင်ငံရေးသမားများနှင့် ဘာသာရေး ခေါင်းဆောင် များကို လုပ်ကြံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

Ref: CNN
The Myanmar Age

No comments:

Post a Comment

My Blog List