Friday, May 02, 2014

မော်ဒယ်ဘ၀အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့ မရဘူးလို့ဆိုတဲ့ အွန်ဆိုင်း


မော်လ်ဒယ်တစ်ယောက်ရဲ့ဘ၀ကို မက်မောနှစ်သက်ပါတယ်ဆိုတဲ့ အွန်ဆိုင်းက ရှိုးလျှောက်ရတဲ့ ခံစားချက် ကို ဘယ်အရာနဲ့မှ မလဲနိုင်တဲ့အတွက် မော်လ်ဒယ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ဖြစ်တော့မယ်လို့ပြော လာပါတယ် ။
သူမနဲ့တွေ့ဆုံခိုက် ခုလတ်တလောကတော့အနုပညာလှုပ်ရှားမှုကို မေးကြည့်တဲ့အခါ ‘လာမဲ့ ၃၀ ရက်နေ့ကျရင် စိန်နန်းတော် ကြော်ငြာရိုက်မယ်။ ကားရိုက်ကတော့ ညီမ မရိုက်ဖြစ်ဘူးရှင့် ။ နောက်ပြီးရှိုးက ဒီကြားထဲမရှိဘူး။ နောက်လထဲကျမှရှိမယ်။

ကျွန်မ က ၂၀၀၈ လောက်ကတည်းက မော်လ်ဒယ်စလုပ်တာ ဆိုတော့လေ ဖြတ်သန်းခဲ့တဲ့တစ်လျှောက်မှာ ရတဲ့အတွေ့အကြုံတွေကတော့ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး။ သင်ခန်းစာကောင်းတွေ အများကြီး ရတယ်။’လို့ သူမက ပြောပါတယ်။

ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ကျွန်မက အမြဲတမ်းပြောင်းလဲဝတ်တယ်။ ပွဲဆိုလဲ အဲဒီပွဲနဲ့ လိုက်မဲ့ ဖက်ရှင်ကို စဉ်းစားရတာပေါ့နော်။ အပြင်သွားဆိုရင်လဲ ဘယ်လိုပုံစံလေးက ကိုယ်နဲ့လိုက်မလဲ အဲလိုလေး
စဉ်းစားပြီ ကျွန်မနဲ့ လိုက်ဖက်တာကို ၀တ်ဖြစ်တယ်ရှင့်။

ခုခေတ်က မဂ္ဂဇင်းတွေမှာလဲ ဖက်ရှင်နဲ့ ပတ်သတ်တာတွေ လေ့လာလို့ရတယ်လေ။ အွန်လိုင်းမှာလဲ သင်ယူလေ့လာလို့ ရတယ်လေ။’လို့ ပြောပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List