Friday, May 02, 2014

ဆီးရီးယားအစိုးရ ဝေဟင်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော် သေဆုံး

ဆီးရီးယား ​သူပုန်တွေထိန်းချုပ်ထားတဲ့ ​အလက်ပိုဒေသထဲက ​လူစည်ကားတဲ့ ​ဈေးအတွင်းကို ​ဆီးရီးယား အစိုးရ ​တိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့် ​လူပေါင်း ​အနည်းဆုံး ​၃၃ ​ဦးသေဆုံးသွားခဲ့ပါတယ်။
တခြား ​လူအများ ​အပြားလည်း ​ဒဏ်ရာ ​ရရှိသွားခဲ့ ​တယ်လို့ ​ဆီးရီးယား ​အရေး ​စောင့်ကြည့် ​လေ့လာတဲ့ ​လူအခွင့် ​အရေးအဖွဲ့က ​ပြောဆို ​လိုက်ပါတယ်။

ကလေးငယ်တွေ ​အများဆုံး ​ပါဝင်တဲ့ ​လူပေါင်း ​၁၈ ​ဦး ​အသက် ​ဆုံးရှုံးခဲ့ရတဲ့ ​အလက်ပိုမြို့က ​ကျောင်းကို ​အစိုးရ ​စစ်လေယာဉ်တွေရဲ့ ​တိုက်ခိုက် ​မှုအပြီး ​နောက်တရက်မှာပဲ ​အခုလို ​တိုက်ခိုက်မှု ​ထပ်မံဖြစ် ​ပွားခဲ့တာ ​ဖြစ်ပါတယ်။

အခုလို ​ပြည်တွင်း ​စစ်တွေ ​ဆက်လက် ​ဖြစ်ပွားနေတဲ့ ​အချိန်မှာပဲ ​ဆီးရီးယား ​သမ္မတ ​ဘာရှားအယ်လ် ​အာဆတ်ရဲ့ ​အာဏာတည်မြဲရေးအတွက် ​လာမယ့်ဇွန်လမှာ ​ရွေးကောက်ပွဲကျင်းပဖို့ ​ဆီးရီးယား ​အာဏာပိုင်တွေက ​ပြင်ဆင်နေကြပါတယ်။

ABC

No comments:

Post a Comment

My Blog List