ၾသစေၾတးလ် နိုင်ငံပိုင် Nauru ကျွန်း ထိန်းသိမ်းရေးစခန်းမှာရှိတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို Nauru ကျွန်းမှာ ငါးနှစ်သက်တမ်း အလုပ်လုပ်ခွင့် ဗီဇာထုတ်ပေးသွားမယ်လို့ Nauru အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ခိုလှုံခွင့် တောင်းခံသူ အားလုံးကို ပေးသွားမှာ မဟုတ်ပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံ ရတဲ့ သူတွေကိုသာ အဆိုပါ ငါးနှစ် အလုပ်လုပ်ခွင့် ဗီဇာကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။
လက်ရှိအနေနဲ့ သြစတြေးလျ နိုင်ငံပိုင် Nauru ကျွန်း ထိန်းသိမ်းရေးစခန်းတွင်းမှာ ခိုလှုံခွင့်တောင်း ခံသူ ဦးရေ တစ်ထောင့်နှစ်ရာ နီးပါး ရှိပါတယ်။
ဒီသတင်း အချက်အလက် တွေနဲ့ ပတ်သက်တဲ့ Nauru ကျွန်း နယ်စပ်လုံခြုံရေးနဲ့ တရားရေးဌာနရဲ့ စာရွက်စာတမ်းတွေကို Guardian Australia သတင်းဌာနက သတင်းထောက် Oliver Laughland က ရရှိထားတာဖြစ်ပါတယ်။
စာရွက်စာတမ်းထဲမှာပါတဲ့ အချက်အလက်တွေအရ အဆိုပါ ခိုလှုံခွင့် တောင်းခံသူတွေဟာ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံရဖို့အတွက် အကျင့် စာရိတ္တတွေ ကောင်းမွန်ရမှာ ဖြစ်တယ်လို့ Guardian Australia သတင်းထောက်က အေဘီစီ ရေဒီယို သြစတြေးလျကို ပြောပြပါတယ်။
အကျင့် စာရိတ္တ မကောင်းတဲ့ လူတွေကိုတော့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ Nauru ကျွန်း ထိန်းသိမ်းရေးစခန်းက ဖျက်ဆီးခံရတဲ့ သောက်သုံးရေနေရာတွေကို ပြန် လည်ပြုပြင် ပြီးပြီလို့ သြစတြေးလျအစိုးရကပြောပါတယ်။
ABC

No comments:
Post a Comment