Friday, March 14, 2014

‘ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားခဲ့ချင်တယ်’ ဆိုတဲ့ ဇာတ်ကားနဲ့ သင်ဇာဝင့်ကျော် ခံစားချက်


သင်ဇာဝင့်ကျော်က ‘ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထား ခဲ့ချင်တယ်’ ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားက ရဲအောင်နဲ့ စိုးမြတ်သူဇာတို့ ရိုက်ခဲ့ဖူးတဲ့ဇာတ်ကားဖြစ်ပြီး သင်ဇာဝင့်ကျော်က စိုးမြတ်သူဇာရဲ့ နေရာမှာ ပြန်လည်ရိုက်ကူး နေတာဖြစ်ပါတယ်။ မင်းသားရဲ့ ဒုတိယအိမ် ထောင်အဖြစ် သရုပ်ဆောင်ရတာ ဖြစ်တာကြောင့် သင်ဇာ ဝင့်ကျော်က
“ဒီကားမှာ သင်ဇာက သက် သက်ဆိုတဲ့နေရာ က သရုပ်ဆောင်ရ တယ်။ အရင် မကြီး စိုး ရဲ့နေရာမှာ လုပ် ရတာပေါ့။ အရင်က လည်း ပေါက်ခဲ့ တယ်။ သင်ဇာ တော်တော်လေး လည်း လုပ်ရမှာပေါ့။ ရူးသွားတဲ့ အခန်းတွေလည်းပါတယ်။ ကိုယ့် အနုပညာကိုလည်း အမြင်တစ်မျိုး ဆန်း အောင် ပရိသတ်ကိုလည်း ချပြ ချင် တယ်။ အရင်တုန်းကဆို ဖန်စီ၊ ရိုမန့်၊ ဒရာမာဆိုလည်း ရိုးရိုးပဲ။ ဒီမှာ ကျတော့ နည်းနည်းပေါက်ကွဲထွက်ရ မယ့် ပုံစံမျိုးဆိုေ တာ့ ကိုယ်လည်း လုပ်ကြည့်ချင်တယ်။

ကိုယ့်ဘက်က တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ ကိုယ့်မှာရှိတဲ့ ပညာ တွေကို အကုန်ထုတ်သုံး မှာပါ။ ပရိသတ်တွေကြားမှာ ဒီကားက တအား ပေါက်ခဲ့တော့ နောက်ထပ်တစ်ကြိမ် ပရိသတ်တွေ ဆီကို ရောက်လာဦးမှာ ဖြစ်တဲ့အတွက် တအား ကြိုးစားထားပါတယ်။ 
 
ဇာတ်ကလည်း ဒုတိယ အိမ်ထောင်ဆိုပေမယ့် ကိုယ်နဲ့တွဲတဲ့ သူကို အိမ်ထောင်ရှိမှန်းမသိဘဲတွဲရင်း မယားကြီးက လာပါး ရိုက်လို့အရွဲ့တိုက်ပြီး ယူလိုက်တာမျိုးပါ။ တအားမာနကြီးတဲ့သူတစ်ယောက် ပေါ့။ တစ်မျိုးလည်းဆန်းတယ်။ ကိုယ်နဲ့လိုက်၊ မလိုက်လည်း သိချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က ဗီဒီယို ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူး သွားဖို့ရှိပြီး အခုအချိန်ထိ အားပေး ခဲ့တဲ့ ပရိသတ်တွေအတွက် လည်း ကျေးဇူး တင်ပါတယ်လို့ ပြောပြပါ တယ်။ နိုင်ငံခြားခရီးစဉ်အနေနဲ့ ဂျပန်ကိုသွားဖို့ရှိတာကြောင့် သင်္ကြန် ကိုတော့ ….မှာပဲရှိနေမယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment

My Blog List