Tuesday, March 11, 2014

အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲဖို့ ပါဝင်ကြတဲ့ သုံးဖွဲ့လုံး သဘောတူ


ရန်ကုန်မြို့၊ ​မြန်မာငြိမ်းချမ်းရေးစင်တာမှာ ​မတ်လ ​၉ ​ရက်နေ့နဲ့ ​၁၀ ​ရက်နေ့အထိ ​နှစ်ရက်တာ ​ပြုလုပ်ခဲ့တဲ့ ​အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ ​အပစ်အခတ် ရပ်စဲရေး ​စာချုပ်ဆွေးနွေးပွဲမှာ ​နှစ်ဖက် ​အဖွဲ့အစည်းတွေ ​အားလုံး ​သဘောတူတဲ့ ​အပစ်အခတ်ရပ်စဲရေး ​စာချုပ်ကို ​ဧပြီ ​ပထမအပါတ်မှာ ​ညှိနှိုင်းရေးဆွဲဖို့ ​သဘောတူညီချက် ​ရရှိခဲ့ပါတယ်။
အစိုးရဘက်ကရေးဆွဲထားတဲ့ ​အပစ်အခတ်ရပ်စဲရေး ​မူဘောင်နဲ့ ​တိုင်းရင်းသားတွေဘက်က ​ရေးဆွဲထားတဲ့ ​အပစ်အခတ်ရပ်စဲရေး ​မူဘောင်နှစ်ခုကို ​တစ်ထပ် ​တည်း ​ဖြစ်အောင် ​ရေးဆွဲ ​သွားမှာဖြစ်ပြီး ​အခန်း ​၇ ​ခန်းပါတဲ့ ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး စာချုပ် ​မူကြမ်းကို ​တစ်ဖက် ​ကိုးဦးဆီ ​ပါတဲ့ ​အဖွဲ့ ​ဖွဲ့ပြီး ​ဧပြီ ​ပထမ ​အပါတ်မှာ ​စတင် ​ပူးတွဲ ​ရေးဆွဲကြမှာ ​ဖြစ်တယ်လို့ ​မနေ့က ​ပူးတွဲ ​ထုတ်ပြန် ​ခဲ့ပါတယ်။

အဲဒီစာချုပ် ​မူကြမ်းမှာ ​အပစ် ​အခတ် ​ရပ်စဲရေးရဲ့ ​ဦးတည်ချက်တွေ၊ ​ရည်ရွယ်ချက်တွေ၊ ​အပစ် ​အခတ် ​ရပ်စဲရေး ​ဆိုင်ရာ ​ကိစ္စရပ်တွေ၊ ​ခိုင်မာအောင် ​လုပ်ဆောင်မယ့် ​နည်းလမ်းတွေနဲ့ ​နိုင်ငံရေး ​ဆွေးနွေးပွဲ ​ဆိုင်ရာ ​အာမခံချက် ​တွေပါဝင်မှာ ​ဖြစ်ပြီး ​တနိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ် ​အခတ် ​ရပ်စဲပြီးရင် ​ဆက်လက် ​အကောင် ​အထည် ​ဖော်မယ့် ​လုပ်ငန်းစဉ်တွေ ​ပါဝင်မှာ ​ဖြစ်ပါတယ်။

အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ​တနိုင်ငံလုံး ​အပစ် ​အခတ် ​ရပ်စဲရေး ​ဆိုင်ရာ ​ညှိနှိုင်းရေးအဖွဲ့ ​NCCT ​တို့ ​နှစ်ရက်တာ ​ဆွေးနွေးမှုရဲ့ ​ရလဒ်အပေါ် ​ကာကွယ် ​ရေးဦးစီး ​ချုပ်ရုံးက ​ဒုတိယ ​ဗိုလ်ချုပ်ကြီး ​မြင့်စိုးက ​အခုလို ​ပြောပါတယ်။

“အခန်း ​၇ ​ခန်းကတော့ ​ဒါက ​ကျွန်တော်တို့ ​အကြမ်းမျဉ်းပေါ့။ ​ဧပြီ ​ပထမ ​အပါတ်ကြရင် ​အသေးစိတ်ကို ​ကျွန်တော်တို့ ​အကုန်လုံး ​ပါလာမယ်။ ​အဲဒီမှာ ​ကျွန်တော်တို့ ​တကယ်ပဲ ​ရရင်လည်း ​ရသွားနိုင်တာပေါ့။ ​ရမယ်ဆိုတာ ​ဒီအပေါ်မှာ ​ဆွေးနွေး ​တဲ့အပေါ်မှာ ​မူတည်တာပေါ့။ ​တူညီတာ ​တွေလည်း ​ပါမယ့် ​တချို့ ​မတူညီတဲ့ ​ဟာတွေလည်း ​တစ်ချို့ ​ဖျက်ချရမယ့် ​ဟာတွေလည်း ​ပါတာပေါ့။ ​လက်မှတ်ရေးထိုးပြီးသွားလို့ ​ရှိရင်တော့ ​တပ်ပိုင်းဆိုင်ရာ ​အသေးစိတ်တွေ ​အကုန်ပါလာမယ်။”

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ​ညှိနှိုင်းမှုဟာ ​အခုလက်ရှိမှာ ​ရာခိုင်နှုန်းတစ်ဝက်ကျော် ​အောင်မြင် ​တယ်လို့ ယူဆလို့ရပြီး ​လာမယ့် ​ဧပြီ ​ဆွေးနွေး​ပွဲကနေ ​တစ်ဆင့် ​ဘားအံ ​ဆွေးနွေးပွဲမှာ ​လက်မှတ် ​ရေးထိုး ​နိုင်လိမ့် ​မယ်လို့လည်း ​ယူဆရတဲ့ ​အကြောင်း ​ဆိုပါတယ်။

တဆက်တည်းမှာပဲ ​ဧပြီမှာ ​ရေးဆွဲမယ့် ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​စာချုပ်မူကြမ်းကနေ ​မိုးမကျခင် ​အချိန်အတိုင်းအတာအတွင်း ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ရေးထိုးနိုင်ဖို့ ​မျှော်လင့်ထားတဲ့အကြောင်း ​NCCT ​အဖွဲ့ဝင် ​UNFC ​ရဲ့ ​အထွေထွေအတွင်းရေးမှူး ​၂ ​ဗိုလ်မှူးကြီး ​ခွန်ဥက္ကာက ​ပြောပါတယ်။

“အခုရတဲ့ ​ဒီအခန်းတွေကို ​ဒီလိုအပ်တဲ့ ​ပြဋ္ဌာန်းချက်တွေကို ​ထပ်ဖြည့်မယ်ဆို၇င် ​အဲဒီဖြည့်ရ မယ့်စာသားတွေ ​အချက်အလက်တွေကို ​ရှာဖွေပြီးတော့ ​မူကြမ်းရေးဖို့ ​တွေ့တာဖြစ်တယ်။ ​အလုပ်လုပ်ဖို့ ​အဖွဲ့တွေ့တာဖြစ်တယ်။ဒီ ​အနီးစပ်ဆုံး ​တူညီတဲ့ ​မူကြမ်းတစ်ဆောင် ​ဘုံ ​ဒီမူပေါ်မှာဘဲနှစ်ဖက်ရေးမယ် ​မူကြမ်းရေးမယ်။ ​ပြီးရင် ​နှစ်ဖက် ​သူ့လူကြီးသူတင်ပြ ​ကိုယ့်လူကြီး ​ကိုယ်တင်ပြ ​ပြန်လာပြန်ရေးဆိုရင် ​အနီးစပ်ဆုံး ​မိုးမကျခင်ပေါ့။ ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​လုပ်ငန်းကို ​ပြီးပျတ်နိုင်မယ်လို့ ​ကျွန်တော်တို့က ​အဲဒီလိုမျှော်လင့်ပြီး ​လုပ်တာပေါ့။”

နှစ်ရက်တာ ​ဆွေးနွေးမှုဟာ ​အစိုးရဘက်က ​ပြည်ထောင်စုငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​ကော်မတီ၊ ​လွှတ်တော်နဲ့ ​တပ်မတော်သားကိုယ်စားလှယ်တွေ ​အများဆုံးပါဝင်ခဲ့တဲ့အတွက် ​ဆွေးနွေးမှုဟာ ​ပိုမို ကျယ်ပြန့်ခဲ့ပြီး ​ရလဒ်ကောင်းတွေ ​ရရှိခဲ့တယ်လို့လည်း ​တိုင်းရင်းသားကိုယ်စားလှယ်တွေက ​သုံးသပ်ခဲ့ကြ ပါတယ်။

မနေ့က ​ပြီးဆုံးခဲ့တဲ့ ​နှစ်ရက်တာ ​ဆွေးနွေးမှုမှာ ​တပ်မတော်ဘက်က ​ကိုယ်စားလှယ် ​တက်ရောက်မှု ​အများဆုံးပါဝင်ခဲ့ပြီး ​တပ်မတော်အနေနဲ့လည်း ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်ကို ​ပါဝင်အားဖြည့်မှု ​များလာတဲ့
သဘောဖြစ်တယ်လို့ ​တိုင်းရင်းသား ​အင်အားစုတွေက ​သုံးသပ်ခဲ့ကြပါတယ်။

ABC

No comments:

Post a Comment

My Blog List