Tuesday, March 11, 2014

ငြိမ်းချမ်းမှုတည်ဆောက်စဉ် ယုံကြည်မှုရရှိရေး ကာချုပ်နှင့် တွေ့ဆုံခြင်းဖြစ်ဟု KNU ဆို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှုမှာ ငြိမ်း ချမ်းရေး တည်ဆောက်နိုင်ရန် အတွက် အလားအလာကောင်း တစ်ခုဟု ယူဆနိုင်ပြီး ငြိမ်းချမ်း ရေး တည်ဆောက်စဉ်နှစ်ဖက် တပ်များအကြား ယုံကြည်မှုတည် ဆောက်နိုင်ရေးအတွက် ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံးဗဟိုကော်မတီဝင် ဖဒိုစောတာတို့မူးက ပြော သည်။
မတ်လ(၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲ၌ နေပြည်တော် ဘုရင့် နောင်ရိပ်သာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင်KNU ကရင်အမျိုးသားဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ တွေ့ ဆုံမှု ရလာဒ်နှင့်ပတ်သက်၍ပြော ကြားလိုက်ခြင်းဖြစ်သည်။

““ပြေပြေလည်လည်နဲ့ ညှိ နှိုင်းလိုတဲ့ ဆန်္ဒတော့ရှိပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ပြောဖြစ်ပါတယ်။ နှစ်ဖက်တပ် တွေ ထိတွေ့မှုဖြစ်ရင် သူ့လူမှားလား။ ကိုယ့်လူမှားလား ဆိုတာကတော့ နောက်တစ်ဆင့်မှာ ထပ်ပြီးဆွေးနွေးရမဲ့ အပိုင်းပါ””ဟု ဖဒိုစောတာတို့မူးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲ၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်မှ ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် တပ်မတော်၏ ဆန္ဒ သဘောထား (၆) ချက်ပေးထား ပြီးဖြစ်၍ လေးစားလိုက်နာစေလို ကြောင်း၊နှစ်ဖက်စလုံးမှ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် သဘော တူထားကြောင်း၊ ဥပဒေ နှင့်အညီ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်အသိပေးထား ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား မပျက်ပြားစေရေးတို့ အပေါ်မူတည်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အပစ်အခတ်ရပ်ဆိုင်းထားရာမှ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ကိုင်စွဲလျက် ယုံကြည်ချက်ခိုင်မာစွာဖြင့် မဖြစ်မနေ ရှေ့ဆက်လျှောက်လှမ်းသွားကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက် ရောက်သလို KNU ဘက်မှဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုစောကွယ် ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုစောရော်ဂျာခင်၊ ဖဒို မန်းငြိမ်းမောင်၊ နိုင်ငံရေးစစ်ရေး အကြံပေး စောထူးထူးလေး အပါအ၀င် ဖဒိုစောတာတို့မူးနှင့် အဖွဲ့ တတ်ရောက်ခဲ့သည်ဟုသိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List