Monday, March 10, 2014

ဂျပန်အိုလံပစ်မှာ မြန်မာအလုပ်သမားတွေကို ခေါ်ဖို့ ကမ်းလှမ်းထား


၂၀၂၀ ​ပြည့်နှစ်ကျရင် ​ဂျပန်နိုင်ငံမှာ ​ကျင်းပမယ့် ​အိုလံပစ်အားကစားပွဲတော် ​ကျင်းပတဲ့အခါ ​အလုပ်သမား အများအပြား ​လိုအပ်မှာဖြစ်ပြီး ​မြန်မာနိုင်ငံက ​အလုပ်သမားတွေကို ​ခေါ်ယူဖို့ ​ကမ်းလှမ်းထားတဲ့ အကြောင်း ​မြန်မာ-ဂျပန် ​လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ​က ​ပြောပါတယ်။
အလုပ်သမားခေါ်ယူမှုနဲ့ ​ပတ်သတ်ပြီး ​ဂျပန်နိုင်ငံက ​တာဝန်ရှိသူတွေနဲ့ ​ မြန်မာ-ဂျပန် ​လူမှုစီးပွား ​ဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့ ​လာမည့်တစ်ပတ်အတွင်း ​ဆွေးနွေးညိုနိုင်းသွားမယ်လို့လည်း ​သိရပါတယ်။

ဂျပန်က ​မြန်မာ ​အလုပ်သမားတွေကို ​ခေါ်ယူမယ်လို့ ​ပြောလာမယ်ဆိုရင် ​မြန်မာ ​အလုပ်သမားတွေကို ​ဂျပန် ​အလုပ်သမားတွေနဲ့ ​တန်းတူအခွင့်အရေး ​အပြည့်အဝပေးဖို့ ​တောင်းဆိုသွားမယ်လို့ ​မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုး ​တိုးတက်ရေးအသင်းက ​ဘဏ္ဍာရေးမှုး ​ကိုဇော်ဇော်အောင်က ​ပြောပါတယ်။

အသင်းရဲ့ ​ကမ်းလှမ်းချက်ကို ​ဂျပန်က ​လက်ခံမယ်ဆိုရင် ​မြန်မာအလုပ်သမားတွေကို ​၂၀၁၄ခုနှစ်အတွင်း ​စတင်ခေါ်ယူနိုင်တယ်လို့လည်း ​ပြောပါတယ်။

ဂျပန်နိုင်ငံ ​အိုလံပစ်ပွဲတော်အတွက် ​အလုပ်သမားတွေကို ​ခေါ်ယူဖို့ ​ကမ်းလှမ်းထားသလို ​ဂျပန်နိုင်ငံရှိ ​ဘိုးဘွားရိပ်သာတွေမှာ ​အလုပ်လုပ်ဖို့ ​မြန်မာအလုပ်သမားတွေကို ​ခေါ်ယူဖို့အတွက် ​ကမ်းလှမ်းထားတယ်လို့ လည်း ​သိရပါတယ်။

မြန်မာနိုင်ငံက ​အလုပ်သမားတွေဟာ ​အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ​ထိုင်း၊ ​မလေးရှားနဲ့ ​စင်္ကာပူနိုင်ငံတွေမှာ ​သွားရောက်အလုပ်လုပ်ကိုင်တာ ​များပြားပေမယ့် ​အာရှအင်အားကြီးနိုင်ငံတွေ ​ဖြစ်တဲ့ ​အိန္ဒိယ၊ ​တရုတ်၊ ​ဂျပန်နဲ့ ​တောင်ကိုရီး ​ယားနိုင်ငံတွေကို ​သွားရောက်အလုပ်လုပ်ကိုင်တာတွေ ​ပိုနည်းပါးကြောင်း ​အလုပ် အကိုင်ရှာဖွေရေး ​အေဂျင်စီတွေက ​ပြောကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List