Monday, March 10, 2014

နန်းခင်ဇေယျာနဲ့ သူမရဲ့အလှအပအကြောင်းအရာ


နွေရာသီရောက်လာပြီဆိုတော့ အသားအရေမပျက်စီးစေဖို့အတွက် ထိန်းသိမ်းရမယ့်အရာတွေ များလာ ပြီပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေချစ်တဲ့ နန်းခင်ဇေယျာကတော့ ‘နွေရာသီမှာ မီးထိုးမှန်ထိုး ခံရတော့ မျက်လုံးကအဆင်မပြေဘူး။ ပြီးတော့ အသားအရေ ခြောက်တာတွေရှိတော့ မိတ်ကပ်တွေ သေချာဖျက်ရတယ်။
တခါတလေ ခရီးသွားပြီး ပြန်လာတဲ့အခါမျိုးကျရင် အအိပ်အစားက ပြောင်းပြန်ဖြစ်တတ်တော့ အဖုတွေ ထွက်တတ်တယ်။ ပြီးတော့နွေရာသီမှာ ပိုပြီးဂရုစိုက်ရတယ်။

ချွေးတွေနဲ့ မိတ်ကပ်တွေ ကွက်တာမျိုးတွေလဲ ရှိတတ်တော့လေ။ သုံးစွဲတာကတော့မျိုးစုံပဲ။ skin care ဆိုရင် Tony Moly သုံးတယ်။ 
 
မိတ်ကပ်ဆရာ သုံးတဲ့ဟာတွေလဲ သုံးဖြစ်ပါတယ်’လို့ ပြောပြပေးသွားခဲ့ပါတယ်။

ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း သူမက ကိုရီးယားပုံစံလေးတွေ ခေတ်စားလိမ့်မယ်လို့ ထင်ပါတယ်တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List