Tuesday, March 11, 2014

ယူကရိန်းဝန်ကြီးချုပ် အမေရိကန်ကို သွားဖို့ရှိ


ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသအရေးနဲ့ ပတ်သက်ပြီး စကားပြောဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ယူကရိန်း ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk က အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန်ကို ဒီတပတ်အတွင်းမှာ သွားဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ခရိုင်းမီယားဒေသတွင်း ရုရှား စစ်တပ် တွေက နေရာ ယူထားကြတဲ့ အတွက် ယူကရိန်းနဲ့ ရုရှားကြား တင်းမာ မှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

ယူကရိန်း ယာယီ ၀န်ကြီးချုပ် မစ္စတာ Yatsenyuk ဟာ ပြီးခဲ့တဲ့ တပတ်ကပဲ ဘယ်လ်ဂျီယံ ကိုသွားရောက် ခဲ့ပြီး ဥရောပ သမဂ္ဂရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ခရီးစဉ် အပြီးမှာပဲ အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ယူကရိန်း ယာယီ ၀န်ကြီးချုပ်က အခုလို အတည်ပြုချက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 
 
ဒါပေမယ့် ဘယ်နေ့မှာ သွားမလဲ ဆိုတာကိုတော့ ပြောဆို ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ယူကရိန်း နိုင်ငံရေး အခြေအနေ တင်းမာမှုကို ဖြေရှင်းနိုင်ဖို့အတွက် ဥရောပ သမဂ္ဂနဲ့ အမေရိကန် တို့က ငွေကြေး ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ဂတိပေးထားခဲ့ တာဖြစ်ပါတယ်။

ယူကရိန်း ယာယီ ၀န်ကြီးချုပ်ရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်းမှာ အမေရိကန်သမ္မတ Brrack Obama နဲ့တွေ့ဆုံနိုင်ဖွယ်ရှိသလိုယူကရိန်းနဲ့ရုရှားကြားမှာဖြစ်နေတဲ့တင်းမာမှုကြောင်းတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

My Blog List