Thursday, March 13, 2014

"သင်္ကြန်မန္တလေး အယ်လ်ပိုင်းမှာ ရှိမယ့် ခင်လေးနွယ်"


ဒီနှစ်သင်္ကြန်မှာ ကိုယ်ပိုင်သီချင်းသစ်မဆိုနိုင်သေး ပေမယ့် မြူးကြွသီချင်းများနှင့် မန္တလေး အယ်လ်ပိုင်းမှာ ရှိမှာဖြစ်ကြောင်း ခင်လေးနွယ် က ပြောသည်။

ခင်လေးနွယ်က သရုပ်ဆောင် လောကမှ အနားယူလိုက်ပြီး ဂီတဘက်ကို ဇောက်ချလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
”တစ်ကိုယ်တော်ခွေကိစ္စလည်း အခုလုံးပန်းနေတယ်။ အကောင်းဆုံး ဖြစ်အောင်ဆိုတဲ့ ရည်ရွယ် ချက်ကြောင့် အချိန်တွေကို ပိုယူ လိုက်တာပါ” ဟု ခင်လေးနွယ် က ပြောသည်။

”ခင်လေးနွယ်က တစ်ကိုယ်တော်အခွေတစ်ဖက် ရှိုးတစ်ဖက်ကြောင့် အခွေ မထွက်နိုင်သေး တာကြောင့်လည်း ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

”အခု အတီးက ၁ဝ ပုဒ်လောက် ပြီးပြီ၊ ဆိုတာကတော့ ၆ ပုဒ်လောက် ပြီးပြီ။ အဲဒီအထဲမှာမှ ကောင်းတာ ကို ပြန်ရွေးမှာ ဆိုတော့ ကြာမယ်”ဟု ၄င်းက ဆိုသည်။

လတ်တလောမှာ သီချင်းတွေလိုက်ဆိုတယ်။ နယ်ဘက်လည်း ခရီးထွက် တယ်”ဟု ၄င်းက ဆက်ပြော သည်။

ထူးထူး
Popular Journal

No comments:

Post a Comment

My Blog List