Tuesday, March 11, 2014

မြောက်ကိုရီးယား ရွေးကောက်ပွဲတွင် ကင်မ်ဂျုံအန်း ကန့်ကွက်မဲမရှိ အောင်ပွဲခံ


မြောက်ကိုရီးယားတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအန်းတစ်ယောက် (၁၀၀)ရာခိုင်နှုန်းအပြည့် ကန့်ကွက်မဲမရှိဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှ မဲများကို ရေတွက်ပြီးနောက် ကင်မ်ကို မည်သူမျှ မကန့်ကွက်ဘဲ တညီတညွတ်တည်း ထောက်ခံမဲ ပေး ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အာရှတိုက်၏ အဆိုးရွားဆုံး အာဏာရှင်အဖြစ် သတ်မှတ်ခံရသည့် မြောက်ကိုရီးယား ကွန်မြူ နစ် ခေါင်းဆောင်ကို မည်သူမျှ ကလန်ကဆန် မလုပ်ရဲခြင်းမှာ အဆန်းမဟုတ်ချေ။ မြောက်ကိုရီးယား တွင် ပြည်သူတစ်ဦးက ဆန့်ကျင်မဲ ပေးမိသည်နှင့် ယင်းမဲကို မည်သူထည့်ဝင်ကြောင်း တာဝန်ရှိသူများ က ပြန်လည်စစ်ဆေးမည်သာ ဖြစ်သည်။ ထိုသူအတွက် နောင်ရေးမကောင်းမည်မှာမူ သံသယဝင်စရာ မရှိချေ။

“မဲပေးသူ အားလုံးဟာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုပဲ (၁၀၀)ရာခိုင်နှုန်း အပြည့်အဝ ထောက်ခံမဲပေး ခဲ့ကြပါတယ်”ဟု KCNAသတင်းဌာနက ကြေညာသည်။ ယင်းရွေးကောက်ပွဲတွင် ကင်မ်ကို ယှဉ်ပြိုင်၍ အရွေးချယ်ခံရဲသူလည်း တစ်ဦးမျှ မရှိချေ။

“ရွေးကောက်ပွဲရဲ့ ခုရလဒ်ကြောင့် ပြည်သူတွေ အားလုံးဟာ သူတို့ရဲ့ ခေါင်းဆောင်ကြီးအပေါ်မှာ အပြည့်အဝ လေးစားထောက်ခံဆဲ၊ ယုံကြည်ကိုးစားဆဲဆိုတာ ပေါ်လွင်စေပါတယ်။ ပြည်သူတွေ အားလုံး ဟာ ခေါင်းဆောင်ကြီးကို သစ္စာစောင့်သိဖို့ တစ်ခုပဲ တွေးကြပါတယ်”ဟုလည်း သတင်းဌာနက ဆက်လက် ပြောကြားသွားသည်။
 
မြောက်ကိုရီးယားတွင် (၅)နှစ်လျှင် (၁)ကြိမ်ကျ ရွေးကောက်ပွဲ ပြုလုပ်လေ့ရှိပြီး ကင်မ်၏လက်ထက်တွင်မူ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။ 
 
၎င်းသည် ဖခင်ဖြစ်သူ ကင်မ်ဂျုံအီလ် သေဆုံးပြီးနောက် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလတွင် ကွန်မြူနစ်နိုင်ငံ ၏ ခေါင်းဆောင်အဖြစ် ဆက်ခံတာဝန်ယူခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List