Sunday, March 09, 2014

ချစ်လို့ တော့ရတယ်။မနမ်းမိစေနဲ့ 

တရုတ်ပြည်ကလူတစ်ယောက်ရဲ့ အဖြစ်ကငိုအားထက်ရယ်အားသန်ဆိုတာလိုပါ။သူကတိရိစ္ဆာန်ချစ်တတ်သူ တစ်ယောက်ဖြစ်ပြီး လိပ်တစ်ကောင်ကိုတောထဲကို သွားလွှတ်ပါတယ်။တောထဲကိုမလွှတ်ခင်မှာ နောက် ဆုံးနုတ်ဆက် တဲ့အနေနဲ့ လိပ်ကို နမ်းလိုက်ပါတယ်တဲ့။အဲဒီမှာပဲ ပုံမှာတွေ့ တဲ့အတိုင်းပဲလိပ်က သူနုတ်ခမ်းကို ဆွဲကိုက်ထားလိုက်တာ နောက်ဆုံးဆေးခန်းကို သွားရတဲ့အဆင့်ကိုရောက်သွားပါတော့တယ်။
လိပ်ကိုနုတ်ဆက်အနမ်းတွေပေးနေတဲ့ပုံကို ဘေးကနေဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ သူ့ သူငယ်ချင်းက ဒီဓာတ်ပုံတွေကိုအင်တာနက်ပေါ်တင်ပြီး လိပ်ကိုနမ်းတာအန္တရာယ်ရှိတဲ့အကြောင်း လူတွေကိုသတိပေးပါတယ်။

ရှန်ဟိုင်းနေ့ စဉ်သတင်းစာရဲ့ အဆိုအရ ဒီလိပ်ဟာမြောက်အမေရိကဇာတိဖြစ်တဲ့မိကျောင်းလိပ်alligator snapping turtleအမျိုးအစား ဖြစ်ဟန်ရှိပြီးတော်တော်အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ရေချိုမှာ အကြီးဆုံးလိပ် မျိုးဖြစ်ပြီးတော့ အလျားမီတာတစ်ရာကျော်အထိကြီးထွားနို်င်ပြီး အသက်က ၁၆၀ထိအသက်ရှည်လို့ သိပါတယ်။

သူတို့ မေးရိုးတွေဟာအရမ်းအားကောင်းပြီတော့တံမျက်စည်းတစ်ချောင်းကိုမွမွကြေသည်အထိဝါးနိုင်တဲ့အင်အား
ရှိပါတယ်။

the melting pot 4 U

No comments:

Post a Comment

My Blog List