Friday, March 14, 2014

MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ

မလေးရှား လေကြောင်းလိုင်းမှ ယခုထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ်ခရီးသည်များ၏ မိသားစုများအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန်အတွက် လေကြောင်းလိုင်းက ခရီးသည်တစ်ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင်စီ ထောက်ပံ့ရန် စီစဉ်ခဲ့ရာ မိသားစုဝင်များက လက်မခံဘဲ ပယ်ချ ခဲ့ကြကြောင်း သိရသည်။
လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။

လေယာဉ်ပေါ် ပါသွား သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင်နေထိုင်သူတစ်ဦး၏ ဆွေမျိုး တစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာတာကိုပဲ လိုလားပါတယ်”” ဟု ၎င်းက ပေကျင်းဟိုတယ်မှ ပြောကြား လိုက်သည်။

လေယာဉ်ပေါ် ပါသွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက် ရှိသည်။

Source: AFP
ဓာတ်ပုံ-AFP
Messenger News Journal

No comments:

Post a Comment

My Blog List