Tuesday, March 11, 2014

လက်နက်အပြည့် တပ်ထားသည့် ရုရှားတိုက်လေယာဉ်များရုပ်သံ ယူကရိန်းတပ် ဖြန့်ချိ


ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိနေ တာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ဒီဗွီဒီယိုမှာ အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေပုံကို တွေ့ရပါတယ်။
ကရိုင်းမီယားဒေသကို ယူကရိန်းတပ်တွေ စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောနေတဲ့ အချိန်မှာပဲ ရုရှားက နယ်စပ်စခန်း နောက်တခုကို သိမ်းပြီး ခြေကုပ်ယူလိုက်တာပါ။

ယူကရိန်းရဲ့ စစ်သည်အင်အား ၁ သိန်း ၃ သောင်းပဲ ရှိလို့ ရုရှားစစ်တပ်နဲ့ အင်အားချင်း မမျှပါဘူး။ လောလောဆယ်အထိ ယူကရိန်းအစိုးရဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့နိုင်မယ့် လုပ်ရပ်မျိုးတွေကို မလုပ်ဘဲ နောက်ဆုတ်နေပါတယ်။

ကရိုင်းမီယားဒေသကို ရုရှားလက်အပ်ဖို့ အစီအစဉ်မရှိပေမယ့် ပြဿနာကို သံတမန်နည်းနဲ့ အဖြေရှာမယ်လို့ ယူကရိန်းဝန်ကြီးချုပ်က မတ် ၉ ရက်နေ့က ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟာ ဒီတပတ်ထဲမှာ အမေရိကန်ပြည်ထောင်စုကို သွားပြီး အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အိမ်ဖြူတော်က မတ် ၉ ရက်နေ့က အတည်ပြုပါတယ်။

၁၉၉၄ ခုနှစ်မှာ ဗြိတိန်၊ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ ချုပ်ဆိုထားတဲ့ ဘူဒါပတ်စ် သဘောတူညီချက်အရ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အာမခံထားပြီး အပြန်အလှန်အနေနဲ့ ဆိုဗီယက်ခေတ်က ကျန်နေ တဲ့ နျူကလီးယားလက်နက်တွေကို ယူကရိန်းက စွန့်လွှတ်ပေးခဲ့ရပါတယ်။

DVB

No comments:

Post a Comment

My Blog List