Sunday, March 09, 2014

NLD မှ တရားစွဲမည့် ကိစ္စအတွက် တုန်လှုပ်ခြင်းမရှိဟု ဦးလှဆွေ ဆို

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကို NLD ပါတီဝင်များနှင့် NLD ပါတီအား ၎င်းပြောကြားခဲ့သည့် စကားများနှင့် ပတ်သက်၍ တရားစွဲမည်ဟု NLD ဘက်မှ ပြောကြားထားရာ အဆိုပါကိစ္စ နှင့် ပတ်သက်၍ ပြင်ဆင်ထားခြင်း၊ တုန်လှုပ်ခြင်း မရှိ ကြောင်း ဦးလှဆွေ က The Messenger သတင်းစာ သို့ ပြော သည်။
ဘယ်လိုမှ သဘော မထားဘူး။ ဘယ် လိုမှလည်း ပြင်ဆင်မထားပါဘူးဗျ။ ကျွန်တော် တို့ ပါတီ ကို ကြံ့ ဖွတ် လို့ ပြောတာ ဘယ်သူတွေ လဲ။ ဒီတစ်ခါလေး ပြောလိုက်တာနဲ့ဗျာ၊ Fair မဖြစ်ပါဘူးဗျာ။ ဒီရှုပ် လို့ ခေါ်တာ ကို စွဲမယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် လောက် အသုံး မကျ ဘူးလို့ ပြောတာ၊ ဆိုလို တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူတို့ Level တူ မဟုတ်ဘူး”” ဟု ဦးလှဆွေက ဆိုသည်။

အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးလှဆွေမှ ပြည်တွင်းမီဒီယာတစ်ခုတွင် NLD ပါတီနှင့် ပတ်သက်၍ ““ဒေါ်စုက လွဲရင် ကျန်တဲ့ NLD က အကောင်တွေ သောက်သုံး မကျဘူး”” ဆိုသော စကား နှင့် NLD ပါတီ အား ““ဒီရှုပ်”” ဟုခေါ် သော စကားများနှင့် ပတ်သက်၍ ဥပဒေအတိုင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟို အလုပ် အ မှုဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားထားသည်။ အဆိုပါ တရားစွဲဆိုရန် ဆုံးဖြတ်ချက် အား ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါ်အောင် ဆန်းစုကြည်အား နောက်ပိုင်းမှသာ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း လည်း ဦးဝင်းထိန်က မီဒီယာများအား ပြော ကြားထားသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ပြောစရာ မရှိဘူး။ ဥပဒေ အတိုင်း လုပ်မယ်။ ရှေ့နေလည်း ငှားစရာ မလိုပါဘူး။ အဖွဲ့ ချုပ်မှာ ရှေ့နေတွေရှိတာပဲ။ ဥပဒေသမားတွေ ဆောင် ရွက်မှာ၊ ကျွန်တော် ကတော့ ပြောလိုက်တာပါ”” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းထိန်က The Messenger သတင်းစာ သို့ ပြောသည်။

အောက်ခြေပါတီဝင် တချို့၏လုပ် ဆောင်ချက် တချို့သည် မိမိနှင့်ဒေါ်အောင်ဆန်းစုကြည်အတွက် မျက်နှာ ပျက်စရာများ ဖြစ်စေကြောင်း နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြည် ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြော ကြားထား သည်။

ဦးလှဆွေအား တရားစွဲဆိုသွားမည်ဟု ပြောကြားထား သော် လည်း မည်သည့်မြို့နယ် တွင် တရားစွဲဆို မည်၊ မည်သူက တရားလို ပြု လုပ်မည် ကိုမူ ဦးဝင်းထိန် က ပြောကြား ခြင်း မရှိ သေးပေ။ NLD ပါတီတွင်
ဒေါ်အောင်ဆန်း စုကြည်မှလွဲ၍ ဦးဆောင်နိုင် သူမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အကြံပေး ဦးအောင်သောင်း ကလည်း ယခင် က ပြောကြားထား ဖူးသည်။

NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ပါက နောက်ထပ် သမ္မတဖြစ်နိုင်သူ ရွေးချယ် ထားခြင်းမရှိဟူ၍လည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉဏ်ဝင်းက ပြော ကြားထားသည်။

Messenger News Journal

No comments:

Post a Comment

My Blog List