Sunday, March 09, 2014

သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားများစိုးရိပ်ပူပန်မူ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားများရဲ့ စိုးရိပ်ပူပန်မှု အမည်ရတဲ့ စကား ၀ိုင်းဆွေးနွေးပွဲ တခုကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒို စကားဝါခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို အလင်းစေတမန်စာကြည့်တိုက်က စီစဉ်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ကနေ ပြန်လည်ရှင်းလင်းခြင်းလည်း ဖြစ်ပါတယ်။

cenတိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံးအပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကနေ သတင်းထုတ်ပြန် ခဲ့ပေမယ့် အသေးစိတ် ဆွေးနွေးခဲ့တဲ့အချက်တွေ ပါဝင်ခြင်း မရှိခဲ့တဲ့အတွက် တိုင်းရင်းသားတွေ အကြားမှာ စိုးရိမ်ပူပန်မူတွေရှိနေတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာချင်း အမျိုးသား အထောက်အကူပြုကော် မတီက ညွှန်ကြားရေးမှူး ဒေါက်တာဆလိုင်းအိုက်ဇက် က ပြောပါတယ်။

နေပြည်တော်မှာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရခိုင်စာပေနဲ့ ယာဉ်ကျေးမူအဖွဲ့ ဒု ဥက္ကဌ ဒေါက်တာစံလှကျော် ကတော့ သန်းခေါင်စာရင်းကောက်ခံမယ့် လူဦးရေးကုတ်မှာ ရိုဟင်ဂျာလူမျိုး
ပါဝင်နေတဲ့အတွက် စိုးရိမ်ပူပန်နေရတယ်လို့လည်း ပြောပါတယ်။

မြန်မာအစိုးရက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမူကို လာမယ့် မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီ လ ၁၀ ရက်နေ.အထိ တပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်းစာရင်း ကောက်ယူမှုတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၈၃ ခုနှစ်မတ်လက မဆလ အစိုးရလက်ထက်မှာ နောက်ဆုံးကောက်ခံခဲ့ တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List