Sunday, March 16, 2014

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ် ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့


ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေး စနစ်ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။
သို့သော် နာဂျစ်က လေယာဉ်သည် ပြန်ပေးဆွဲခံရခြင်းဖြစ်နိုင်ကြောင်း ပြောကြားမှုများကို နာဂျစ်က အတည်ပြု ပြောကြားခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးသူများသည် နောက်ဆုံးသတ်မှတ်မှုကို မချမှတ်ရသေးကြောင်း ပြောကြားခဲ့သည်။

“ မလေးရှားအာဏာပိုင်တွေဟာ လေယာဉ်ပေါ်လိုက်ပါခဲ့တဲ့ ခရီးသည်တွေ၊ အမှုထမ်းတွေကို စုံစမ်းစစ်ဆေး ဖို့ အာရုံစိုက်နေပါပြီ။ လေယာဉ်ထဲက တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ဆောင်ရွက်ခဲ့မှုဆိုတာ သက်သေအထောက်အထားတွေက ကိုက်ညီနေပါတယ်” ဟု နာဂျစ်က ပြောကြားခဲ့သည်။

လေယာဉ်သည် နောက်ဆုံး အဆက်အသွယ်ပြုလုပ်ခဲ့သည့်နေရာမှ မည်သည့်အကွာအဝေးထိ ပျံသန်းခဲ့သည်ကို ဆုံးဖြတ်ရန် စုံစမ်းသူများက တွက်ချက်နေကြောင်း နာဂျစ်ကပြောကြားခဲ့သည်။

နောက်ဆုံးရရှိသော အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ပြီးနောက် လေယာဉ်၏ ဆက်သွယ်ရေးစနစ် Aircraft and Communications Addressing and Reporting System သည် မလေးရှားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းသို့ လေယာဉ်မရောက်ရှိမီ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ခရီးစဉ် MH370 သည် မတ် ၈ ရက် နံနက် ၁၂း၄၀ နာရီတွင် လူ ၂၃၉ ဦး တင်ဆောင်ပြီး ကွာလာလမ်ပူမှ ပေကျင်း သို့ ထွက်ခွာသွားခဲ့သည်။ လေယာဉ်က ဂြိုဟ်တုသို့ နောက်ဆုံးဆက်သွယ်ခဲ့သည့် အချိန်မှာ မလေးစံတော် ချိန်နံနက် ၈း၁၁ နာရီဖြစ်ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။ လေယာဉ်သည် မတ် ၈ ရက်က နံနက် ၁ နာရီ ၃၀ မိနစ်တွင် အရပ်ဘက်ရေဒါမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် ခုနစ်နာရီခန့် ကြာအောင် ပျံသန်းနေ ခဲ့ကြောင်း ဂြိုဟ်တုဆက်သွယ်ရေးအချက်အလက်များက ဖော်ပြခဲ့သည်ဟု နာဂျစ်က ပြောကြားခဲ့သည်။

လေယာဉ်သည် မူလခရီးစဉ်လမ်းကြောင်းမှ အနောက်ဘက်သို့ လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးနေသူများက ကောက်ချက်ချခဲ့ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော အချက်အလက်များကြောင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းထား ခဲ့ပြီ ဖြစ်သည်။

သို့သော် လေယာဉ်၏ နောက်ဆုံးဆက်သွယ်မှုအရ ရှာဖွေရေးလမ်းကြောင်းသည် နှစ်ခုဖြစ်နိုင် ဖွယ်ရှိပြီး လေယာဉ်သည် ကာဇက်စတန်နှင့် တာမင်နစ္စတန်မှ ထိုင်းမြောက်ပိုင်းထိ လည်းကောင်း၊ အင်ဒိုနီးရှားမှ အိန္ဒိယသမုဒ္ဒတောင်ပိုင်းထိ လည်းကောင်း ပျံသန်းသွားဖွယ်ရှိကြောင်း နာဂျစ် က ပြောကြားခဲ့သည်။

လေယာဉ်သည် ထူးခြားသော လမ်းကြောင်းကို ပျံသန်းခဲ့ဖွယ်ရှိကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မလေးရှား စစ်ဘက်ရေဒါများက လေယာဉ်သည် အရပ်ဘက်ရေဒါ မှ ပျောက်ပြီးနောက် မကြာမီ အမြင့်ပေ ၄၅၀၀၀ ထိ ပျံသန်းတက်ခဲ့ကြောင်း ထို့နောက် နောက် တစ်ကြိမ်မပျံတက်မီ အမြင့်ပေ ၂၃၀၀၀ သို့ နိမ့်ကျ ပျံသန်းခဲ့ကြောင်း အဆိုပါတာဝန်ရှိသူ က ပြောကြား ခဲ့သည်။

ွRef:AFP
eleven media group

No comments:

Post a Comment

My Blog List