Sunday, March 09, 2014

အဖေအမေကို တရားစွဲတဲ့ သမီး

 
အမေရိကန်နယူး ဂျာစီပြည်နယ်က အသက် ၁၈နှစ်အရွယ်သမီးဖြစ်သူက မိဘတွေကိုပြန်ပြီး တရားစွဲ လိုက်ပါ တယ်။ရေချယ်ဆိုတဲ့မိန်းကလေးက မိဘတွေ သူ့  ကိုအိမ်ပေါ်ကမောင်းချလိုက်တယ် လို့ စွပ်စွဲပြီး ကျောင်းစရိတ်
နဲ့ နေထိုင်စရိတ်တွေ အတွက် မိဘများကိုတရားစွဲခဲ့တာဖြစ်ပါတယ်။
မိဘတွေကသူ့ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရလွဲမှားစွာဆက်ဆံခံခဲ့ကြပြီး ဒါတွေအဆုံး သတ်ဖို့ အတွက်အိမ် ကဆင်းခဲ့ခြင်းဖြစ် တယ်လို့ ရေချယ်ကပြောပါတယ်။

သူ့ မိဘတွေဟာ တစ်နှစ်ကိုဝင်ငွေဒေါ်လာသုံး သိန်းကျော် ရှိကြောင်း၊ အခု ကျောင်းနှစ်တစ်ဝက်မှာ သူ့ ကိုပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ကျောင်းစရိတ်ကိုမပေးတော့ကြောင်း သူ့ အမေ ကသူ့  ဖက်တီး၊ ၀က်ပုပ်စ သဖြင့်ခေါ်ပြီး အဖေကိုသူ့ ကိုရိုက်မယ်လို့ ခြိမ်းခြောက်တယ်၊ ရည်းစားနဲ့ တွေ့  ခွင့်ကိုတားမြစ်တယ်၊ စကောလားရှစ် ရဖို့ ဖိအားပေးတယ်၊ နောက်မင်္ဂလာဆောင် မှာ သူအရက်မူးတဲ့ကိစ္စ စတာတွေ ကို ပြောပါတယ်။

သူ့ မိဘတွေက ရေချယ်ကို အိမ်ကမောင်းချတာမဟုတ်ကြောင်း၊အိမ်မှာ အိမ်မှုကိစ္စတွေလုပ်ကိုင် ဖို့ နဲ့  အိမ်ပြန်ဖို့ အချိန်သတ်မှတ်ချက်စတာတွေကိုမလိုက်နာနိုင်တာကြောင့် သူ့ သဘောနဲ့ သူအိမ်ပေါ် ကဆင်း သွားခဲ့
တာဖြစ်တယ်လို့ ပြောပါတယ်။

ဖခင်ရှောင်က "ကျနော်တို့ ဟာ ကိုယ်သမီးက ကိုယ့်ကိုတရားပြန်စွဲတာခံရတယ်။ ဘာမှမပြောနိုင်အောင် ဆွံ့ အသွားတယ်ဗျာ။သူ့ အမေလည်းဒီလိုပဲ။ ကျန်တဲ့သမီးတွေလည်းဒီလိုပဲခံစားကြရတယ်။ အိမ်မှာနေတာ အိမ် အလုပ်လုပ်ရတယ်ဆိုတာလည်း အသေးအဖွဲလေးတွေလုပ်ခိုင်းတာပါဗျာ။ 
 
ညဖက်ကိုအိမ်ပြန်ချိန် ကာဖျူးသတ်မှတ်တယ်ဆိုတာလည်း ည၁၁ နာရီနောက်ပိုင်းထက်ကျော်ပြီး အိမ်အပြင် မှာမနေဖို့ ပြော တာပါ" လို့ ဆိုပါတယ်။

" ကျနော်အိမ်မှာနေပြီးကျနော့်စည်းမျဉ်းကိုလိုက်နာလို့ သူ ဘာအခွင့်ထူးတွေရမလဲ။ ပုဂ္ဂလိကျောင်းမှာတက် ရမယ်၊ကားအသစ်စီးရမယ်။ကောလိပ် ကျောင်းတက်ခွင့်ရမယ်ဗျာ။ဒါပေမယ့်အိမ်ရဲ့ စည်းမျဉ်းတွေကိုတော့လိုက် နာရမယ်။နည်းနည်းတော့တင်းကျပ်တာပေါ့ဗျာ" လို့ ပြောပါတယ်။

အဖေနဲ့ သမီးကတရားရင်ဆိုင်နေတုန်းနားတဲ့အချိန်မှာစကားပြောဖြစ်ခဲ့ပေမယ့် မိခင်ဖြစ်သူ အဲလိဇဘက် ကတော့ငိုပါတယ်။

နယူးယော့အခြေစိုက်ကလေး၊ဆယ်ကျော်သက်နဲ့ မိသားစုဆိုင်ရာစိတ်ပညာရှင်ဂျင်နီဖာက "ဆယ်ကျော် သက်ကလေးတွေကိုပြုစုပျိုးထောင်ရတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး၊ တချိန်ထဲမှာပဲ ကလေးတွေအတွက် လည်း ဆယ်ကျော်သက်ဘ၀ဆိုတာ ပန်းခြံထဲမှာလမ်းလျှောက်နေရတာမဟုတ်ပါဘူး" လို့ ပြောပါတယ်။

the melting pot 4 U

No comments:

Post a Comment

My Blog List