Sunday, March 09, 2014

ခရီးသည် ၂၃၉ ဦး လိုက်ပါသည့် မလေးရှားလေယာဉ် ဗီယက်နမ်နိုင်ငံ တော်ချူကျွန်းအနီးပျက်ကျသည်ဟု ယူဆ


မလေးရှားလေကြောင်းပိုင် ဘိုးရင်း-၇၇၇ သည် ခရီးသည် ၂၃၉ ဦး နှင့်အတူ ဗီယက်နမ်နိုင် ငံ တော်ချူကျွန်းအနီးပျက်ကျသွားခဲ့သည်ဟု ယူဆရကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားသည်။
သို့ရာတွင်မလေးရှားအာဏာပိုင်များကအဆိုပါ လေယာဉ်ပျက်ကျမှု နှင့်ပတ်သက်ပြီး အတည်ပြုပြော ကြားခြင်းမရှိသေးကြောင်း၊ လေယာဉ်ပျက် ကိုလည်း မတွေ့သေးကြောင်း၊ ရှာဖွေနေဆဲပင်ဖြစ်ကြောင်းပြော ကြားသည်။

အဆိုပါခရီးသည်လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ အသွားပျံတက်ပြီး နှစ်နာရီအကြာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ 
 
အဆိုပါ လေယာဉ်ပေါ်တွင် တရုတ်နှင့်မလေးရှားလူမျိုးများ အများဆုံးလိုက်ပါသွားခဲ့ကြောင်း၊ သို့ရာတွင် သြစတြေးလျ၊ အမေရိကန်၊ ပြင်သစ်နိုင်ငံသားများအပါအဝင် နိုင်ငံသား ၁၄ မျိုး ပါဝင်လိုက်ပါ ခဲ့ကြောင်းသိရသည်။
 
အဆိုပါလေယာဉ်ပျက်ကျကြောင်းအတည်ပြုနိုင်ခဲ့လျှင် ဘိုးရင်း- ၇၇၇ လေယာဉ်အမျိုးအစားသည် ယခုနှစ်အတွင်းတစ်နှစ်မပြည့်မီမှာ ပင် သေစေနိုင်လောက်သည့် ပျက်ကျမှု ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ် သည်။

ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါသွားခဲ့ကြောင်း၊ ယင်းလေယာဉ်သည် စနေနေ့က ကွာလာလမ်ပူ လေဆိပ်မှ ပျံတက်အပြီး တစ်နာရီခန့်အကြာ ဗီယက်နမ် ကမ်းရိုးတန်းအရောက် ရေဒါစက္ကရင်မှ ပျောက်သွားခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

The Mirror Daily

No comments:

Post a Comment

My Blog List