Tuesday, February 04, 2014

Telenor က ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ရာခိုင်နှုန်း ၉၀ မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ရရှိထားသည့် နော်ဝေနိုင်ငံ အခြေစိုက်  Telenor ဆက်သွယ်ရေး ကုမ္ပဏီသည် လုပ်ငန်းစတင်မည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၉ဝ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်ဆောင်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Telenor မှ သိရသည်။

Telenor ဆက်သွယ်ရေးကုမ္ပဏီ နှင့် အူးရီဒူး ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်နေ့တွင် Nationwide Telecom- munications Licence   လက်မှတ်ရေးထိုးခဲ့ ကြသည်။

“လိုင်စင်ရရှိတဲ့အတွက် ဆက်သွယ်ရေး နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို စတင်ပြီး လုပ်ကိုင်တော့မှာပါ။ ပထမငါးနှစ်အတွင်းမှာ လူဦးရေ ၉ဝ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြု နိုင်အောင် အရင်ဆောင်ရွက် သွားမယ်။ ပြီး တော့ မြန်ဆန်ပြီး ဖုန်းလိုင်းကောင်းမွန်တဲ့ စနစ်တွေကို လုပ်ဆောင်ပေးသွားမှာပါ”ဟု Telenor  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Telenor ဆက်သွယ်ရေးကုမ္ပဏီမှ 2G  နှင့်3G  စနစ်ကိုအသုံးပြုနိုင်အောင် ဆောင်ရွက်ပြီး မိုဘိုင်းနက် ဝပ်များ တည်ဆောက်ရာတွင်လည်း HSPA and LTE နည်းပညာပိုင်းကို အသုံးပြုနိုင်အောင် ဆောင် ရွက်သွားမည်ဖြစ်သည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခု အနေဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုခများကို ၂၅ ကျပ် ဟု ယာယီသတ်မှတ် ထားပြီး  မိုဘိုင်းဆင်း ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လိုသလောက် ရောင်းချပေးသွားမည်ဖြစ်သည်။       

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုအ နေဖြင့် ယခုရရှိထားသည့် ဆက်သွယ်ရေးလိုင်စင်သည် ၁၅ နှစ်အထိ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ပြီး ဖေဖေါ်ဝါရီလအကုန်တွင် ထွက်ရှိလာ မည့်ဆက်သွယ်ရေးနည်းဥပဒေအပြင် အခြား လိုအပ်သည့် ညွှန်ကြားချက်များနှင့် နည်းဥပဒေများကိုလည်း လိုအပ်သလိုရေးဆွဲ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List