Thursday, February 06, 2014

ဘီလ်ကလင်တန်နဲ့ အဲလီဇဘက် ဟာလေတို့ရဲ့ လိင်ဇာတ်လမ်း







အမေရိကန် သမ္မတဟောင်း ဘီလ် ကလန်တန်နဲ့ နာမည်ကြီး ဟောလီးဝုဒ် မင်းသမီး အဲလီးဇဘက် ဟာလေ တို့ရဲ့ လိင်ကိစ္စ အရှုပ်တော်ပုံ ဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေ ထပ်မံ ပေါ်ထွက်လာပြန်ပါတယ်။ 

ဘီလ် ကလင်တန်ရဲ့ ဇနီးသည် ဟီလာရီ က လာမယ့် ၂ဝ၁၆ ခုနှစ်အတွက် သမ္မတဖြစ်ရေး မဲဆွဲပွဲတွေနဲ့ အလုပ်များနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အခုလို သူတို့ ၂ ဦးက တိတ်တဆိတ် လိင်ဆက်ဆံတယ်ဆိုတဲ့ သတင်းတခု က ပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။ 

သမ္မတ ဘီလ်ကလင်တန်နဲ့ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ အဲလီးဇဘက် ဟာလေတို့ရဲ့ ဆက်ဆံရေးဟာ တနှစ်လောက် ကြာ နေပြီ ဖြစ်ပြီး ဟာလေဟာ ဝါရှင်တန်ကို တိတ်တိတ်ကလေး လိင်ဆက်ဆံဖို့ သွားခဲ့တာ လို့လည်း အမေရိကန် သတင်းတွေ ကို ကိုးကားပြီး The Mirror သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

သမ္မတဟောင်း ဘီလ် ကလင်တန်ဟာ သမ္မတ တာဝန်ထမ်းဆောင်စဉ်တုန်းက မစ္စ မော်နီကာ ဆိုတဲ့ အိမ်ဖြူတော်ဝန်ထမ်းအမျိုးသမီးတဦးနဲ့ လိင်အရှုပ်တော်ပုံကိစ္စကိုလည်း အမေရိကန်သတင်းစာတွေက ဟိုးလေးတကြော် ရေးသားခဲ့ကြပါသေးတယ်။ 

ဒီအပြင် ဘီလ်ကလင်တန်ဟာ အခြား အမျိုးသမီးတချို့နဲ့ လိင်အရှုပ်တော်ပုံ ကိစ္စတွေလည်း သတင်းကြီး သူပါ။ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် ဘီလ်ကလင်တန်ဟာ ဇနီးဖြစ်သူနဲ့ တခန်းတည်း အတူ မအိပ်တဲ့ ညတွေလည်း ရှိခဲ့ဘူးပါတယ်။ 

ဒါပေမယ့် သမ္မတ ဘီလ်ကလင်တန်ကို သမ္မတတာဝန် လစ်ဟင်းမှု မရှိတာကြောင့် အဲဒီ ကိစ္စ တွေ အပေါ် ခွင့်လွှတ်သူတွေလည်း ရှိကြပါတယ်။ သမ္မတတဦးအနေနဲ့ ဒီလို လူမှုရေး ဖောက်ဖြန်မှုတွေ မရှိသင့်ဘူးလို့ 
ဝေဖန်သူတွေလည်း ရှိကြပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List