Monday, February 03, 2014

၈၂ ဥပဒေနှင့် ပုဒ်မ ၅၉ ထောက်ခံပွဲ မန္တလေးတွင် ဆက်လက်ကျင်းပမည်

မြန်မာအမျိုးသားကွန်ယက်မှ ဦးစီး၍ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် ၁၉ လမ်း နန်းရှေ့ ဘောလုံးကွင်းတွင် ၈၂ ခုနှစ်နိုင်ငံသားဥပဒေနှင့် ပုဒ်မ ၅၉ ထောက်ခံပွဲကို ကျင်းပပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံထားကြောင်း သိရှိရသည်။

အဆိုပါ လူထုထောက်ခံပွဲကို အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက် လိုသူ မြန်မာလူငယ်များ စုစည်းထားသည့် မြန်မာအမျိုးသားကွန်ယက်က ဦးဆောင်ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ တို့သည် အမျိုးသားရေးရှုထောင့်မှ ကာကွယ် စောင့်ရှောက်ရမည့် ဥပဒေများဖြစ်သည်ကို ပြည်သူအများ ကျယ်ပြန့်စွာ သိရှိစေရန် ဟောပြောသွားမည် ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့က ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရှိဘူး။ ဘာနှောင်ကြိုးနဲ့မှ လုပ်တာ မဟုတ်ဘူး။ ဒါဟာ အမျိုးသားရေး သက်သက်ပါပဲ။ ဒီနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်တော်တို့နဲ့ သက်ဆိုင်တယ် လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်တယ်။ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ လုပ်နိုင်တာ မှန်သမျှ ကျွန်တော်တို့ လုပ်သွားမှာပါ။ ရန်ကုန်ပွဲမှာတော့ NLD ပါတီက ၀င်ပြီး နှောက်ယှက်တယ်။ ဖျက်လို ဖျက်ဆီးလုပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲ အောင်မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ပွဲက ပါတီဝင်တွေ တက်တဲ့ပွဲမဟုတ်ဘူး။ လူငယ်တွေပဲ။ ကြည့်လိုက်ပါ။ အမျိုးကို စောင့်ထိန်းတဲ့ လူငယ်တွေ သံဃာတွေ အများဆုံးပါတယ်။ ဒီအတွက် ကျွန်တော်တို့ အားရတယ်။ ကျေနပ်တယ်။ မန္တလေးမှာ လုပ်မယ့် ပွဲကိုလည်း NLD တွေ လာပြီး ဖျက်ကြပါဦး၊ နှောက်ယှက်ကြပါဦး၊ စာရွက်တွေ ဝေကြပါဦး လို့ ဖိတ်ခေါ်ပါ တယ်" ဟု မြန်မာအမျိုးသားကွန်ရက်က တရားဝင် ထုတ်ဖော် ပြောကြားသည်။

မြန်မာအမျိုးသားကွန်ယက်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားရန် အစီအစဉ် ရှိကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List