Monday, February 03, 2014

Media 7 မှ ရိုက်ကူးမည့်ဇာတ်ကားတွင် ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်ကို ထည့်သွင်းရိုက်ကူးမည်




Media 7 က ယခု ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် Miss Universe Myanmar မိုးစက်ဝိုင်ကို ပအိုဝ် တိုင်းရင်းသူအဖြစ် ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ကြောင်း ADMA media Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က မဇ္ဈိမသို့ ပြောသည်။
ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ထိုင်းနာမည်ကျော် PEE MARK မင်းသမီးဒါဝိကာ(Davika)၊ ထိုင်းအဆိုတော်၊ မင်းသားမို့စ် (Mos) ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် လူမင်းတို့ သရုပ်ဆောင်ရန် ရွေးချယ်ထားပြီး ယခုအခါ မိုးစက်ဝိုင်ကိုလည်း ပအိုဝ်းတိုင်းရင်းသူအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် ထပ်မံရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။

“သူက ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ လက်မခံပေမယ့် အခုဇာတ်ကား ရဲ့script ကို သေချာပြ တယ်။ သူနဲ့အကြို ညှိနှိုင်းမှုတော့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ကင်မရာပိုင်း၊ နည်းပညာပိုင်းတွေကို Kantana JK မှ အားလုံးအဓိက ပံ့ပိုးကူညီသွားမှာပါ။ ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း တချို့ကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာများလည်း ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်” ဟု Media 7 မှ CEO ဦးဝေမင်းမောင်က ပြောသည်။ 

Media 7 အနေဖြင့်နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေ ဖြင့် ပထမဆုံးရုပ်ရှင်ထွက်ရိုက်ရာတွင် မြန်မာကိုယ်စားပြုဖြစ်သည့် Miss Universe မိုးစက်ဝိုင်ကို ကမ္ဘာ ကသိနေခြင်းကြောင့်ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ မိုးစက်ဝိုင်သည် miss ဆုများ ရရှိခဲ့ပြီးနောက်ပိုင်း တွင်မီဒီယာသမားများ၏ “ရုပ်ရှင်ဗီဒီယိုရိုက်ကူးမှု ရှိလာမလား” ဆိုသည့်မေးခွန်းတွင် ရိုက်ကူးမှု မရှိနိုင် ကြောင်း ငြင်းဆိုခဲ့ဖူးသူဖြစ်သည်။ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားသည် ၎င်း၏ ပထမဆုံးသော ရုပ်ရှင် ရိုက်ကူးသည့် အနုပညာခြေ လှမ်းဖြစ်သည်။

အဆိုပါဇာတ်ကားတွင် PEE MARK ဇာတ်ကားမှ ထိုင်းမင်းသမီးဒါဝိကာ (Davika Hoorne)၊ စိုင်းစိုင်းခမ်း လှိုင်နှင့် Miss Universe မိုးစက်ဝိုင်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အဓိကအခြေခံ ရိုက်ကူးသွား မည် ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ရှမ်းလူမျိုး Tour Guide အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်၊ ထိုင်းနိုင်ငံသူအဖြစ် Davika တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်းပြင် ဆင်ထားပြီးဖြစ်သည်။ ၎င်းရုပ်ရှင် ဇာတ်ကားနာမည်ကို အတည်တကျ ရွေးချယ်ပြီးပါက ပရိသတ်တွေကို အသိပေးသွားမည် ဖြစ်သည်။

Media 7 က ထုတ်လုပ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းတွင် အပြီးသတ်ရိုက်ကူးသွား မည် ဖြစ်ပြီး အထင်ကရနေရာများဖြစ်သည့် အင်းလေးဒေသကို အဓိကထားရိုက်ကူးသွားမည် ဖြစ်ကာ ပုဂံ ၊ ရန်ကုန် ၊ ဘန်ကောက်တို့တွင် လည်း ရိုက်ကူးသွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List