Tuesday, February 04, 2014

ပြည်တွင်းရထား ခရီးစဉ်များတွင် ခရီးသည် ၁၀၀ ကျော် စီးနင်းနိုင်မည့် Blue Train တွဲဆိုင်းများကို ပုဂ္ဂလိက ခရီးသွားကုမ္ပဏီနှင့် လုပ်ငန်းရှင်များအား စင်းလုံးငှားရမ်းခွင့်ပြုမည်

ပြည်တွင်းခရီးစဉ်များတွင် ခရီးသည် ၁ဝဝ ကျော်အထိ အသုံးပြုနိုင်မည့်Blue Train တွဲဆိုင်းများအား ပုဂ္ဂလိကခရီးသွား ကုမ္ပဏီနှင့် လုပ်ငန်းရှင်များသို့ စင်းလုံးငှား ရမ်းခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။

“လုပ်ကိုင်ချင်တဲ့ ခရီးသွားကုမ္ပဏီပဲ ဖြစ်ဖြစ် လုပ်ငန်းရှင်ပဲဖြစ်ဖြစ် ငှားရမ်းခွင့်ပြု မှာပါ။ ပေးငှားမယ့် ရထားတွေက အဆင့်မြင့် ဇိမ်ခံရထားတွဲတွေဖြစ်တယ်။ ပြည်တွင်းမှာ ပြေးဆွဲတာလည်းမရှိသေးတဲ့ တွဲဆိုင်း အသစ် တွေပါ။ ငှားရမ်းတဲ့အခါ လူဦးရေပေါ် မူတည်ပြီး တွဲဆိုင်းတွေ စီစဉ်ပေးမှာပါ။ လူဦးရေ ၁ဝဝ ပြည့်မှ ငှားမယ်လို့ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ ငှားရမ်းချင်တဲ့ ကုမ္ပဏီ နဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ငှားရမ်းခနဲ့ အခြားအချက်အလက်တွေကို မြန်မာ့မီးရထားမှာ လာပြီးစုံစမ်းနိုင်ပါတယ်”ဟု အထွေထွေ မန်နေဂျာ(စက်ရုံ/ မြစ်ငယ်) ဦးတင်မောင် သန်းက ပြောကြားသည်။

စင်းလုံးငှားရမ်းခွင့်ပြုမည့်တွဲဆိုင်းများမှာ ခရီးသည် ၁၂ ဦးအသုံးပြုနိုင်သည့် အိပ်စင်ရိုးရိုးတစ်တွဲတွင် တစ်ယောက်အိပ်စင် ပါ ရှစ်ခန်း၊ နှစ်ယောက်အိပ်စင်ပါ နှစ်ခန်း၊ တစ်တွဲလျှင် ခရီးသည် ၁၆ ဦး အသုံးပြုနိုင် သည့် အိပ်စင်အထူးသုံးတွဲတွင် နှစ်ယောက် အိပ်စင်ပါ ရှစ်ခန်းစီ၊ အစည်းအဝေးသဘော မျိုးပြုလုပ်နိုင်သည့် ထိုင်ခုံ ၁၂ ခုံပါတစ်တွဲ၊  တစ်တွဲလျှင် ခရီး သည် ၂၈ ဦး တစ်ပြိုင် တည်းစားသုံးနိုင်သည့် စားသောက်တွဲ သုံး တွဲ၊ ခရီးသည် ၅၂ ဦးထိုင်နိုင်သည့် အထက် တန်းထိုင်ခုံ တစ်တွဲတို့ဖြစ်ပြီး စုစုပေါင်း  ကိုးတွဲရှိကြောင်း သိရသည်။ စင်းလုံးငှားရမ်း လုပ်ကိုင်လိုသည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ အနေဖြင့် အသေးစိတ် အချက်အလက် အဆိုပြုလွှာများကို မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ ဖေဖော်ဝါရီ ၁၄ ရက်နောက်ဆုံးထား တင်ပြမည်ဖြစ်ပြီး တင်ဒါစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။    

Eleven Media Group

No comments:

Post a Comment

My Blog List