Thursday, February 06, 2014

ယာယီထိန်းသိမ်းခံရသည့် လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနှင့် ဒေသခံခုနစ်ဦး ပြန်လွတ်




လက်ပံတောင်းတောင်နှင့် ဝက်မှေးရွာကြားရှိ ယာမြေများအား စီမံကိန်း တာဝန်ရှိသူများက ယနေ့နံနက် အစောပိုင်းတွင် ခြံစည်းရိုး ကာရံသည့် လုပ်ငန်းများ လုပ်ကိုင်သည်ကို ရွာခံများက သွားရောက် တားမြစ်ရာမှ ၁၀ နာရီခန့်အချိန်တွင် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် ဒေသခံခုနစ်ဦး ထိန်းသိမ်းခံခဲ့ရပြီး ညနေ ၆ နာရီကျော်တွင် ပြန်လွတ်မြောက်ခဲ့ကြောင်း ဝက်မှေးရွာမှ ဒေသခံများက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ငန်း လုပ်ကိုင်နေတာကို နှောင့်ယှက်လို့လုပ်ငန်း လုပ်ကိုင်လို့ရအောင် ထိန်းသိမ်းထား တာပါ၊ ပြီးရင် အနေအထားကိုကြည့်ပြီး ပြန်လွှတ်ပေးမှာပါ”ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး နေဒွန်းက ပြောကြားသည်။

“ခြံစည်းရိုး စကာတာက နံနက်ခင်း စောစော ၅ နာရီကျော်လောက် ကတည်းကပါ။ ဒါကို ရွာကလူတွေက သွားတားကြတာ။ ရွာမှာလဲ အလှူရှိတော့ အလှူဒါယကာရဲ့ အခင်း (မြေ) လည်း ပါနေတယ်။ ၅ ရက်လောက် နောက်ဆုတ်ပေးဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပါသေးတယ် အဆင်မပြေဘူး။ နောက်ဘူဒိုဇာ ရှေ့မှာရပ်တဲ့ မသွဲ့သွဲ့ဝင်းနဲ့ မစိန်တို့ နှစ်ယောက်ကို အရင်ဖမ်းသွားတယ်။ နောက်ပြီးတော့ ခြောက်ယောက် ထပ်ဖမ်းခံရတယ်” ဟု ထိန်းသိမ်းခြင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ဝက်မှေးရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။

ထိန်းသိမ်း ခံရသူများမှာ ဝက်မှေးရွာမှ မသွဲ့သွဲ့ဝင်း၊ မစိန်၊ မဖြူဖြူဝင်း၊ မရီရီချို၊ မဆယ်တင်၊ ကိုအားနိုး၊ ကိုမြင့်နိုင်ဝင်းတို့ ဖြစ်ပြီး၊ ရွှေလှေရွာမှ ရွာသားတစ်ဦး ဖြစ်သည့်ကို သိုက်ထွန်းရွှေ အပါအဝင် ရှစ်ဦး ထိန်းသိမ်းခံခဲ့ရပြီး၊ ညနေပိုင်း အချိန်ထိ ရွာသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီးမှ လက်ပံတောင်းတောင် အရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ပြီးအပြန် နန်ချွန်ကူးတို့ ဆိပ်ကမ်းတွင် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် အမျိုးသမီး ၁၂ ဦး ရက်ပိုင်းမျှ ထိန်းသိမ်းခံခဲ့ရမှုများ ရှိခဲ့ပြီး၊ လက်ပံတောင်းတောင် စီမံကိန်း ခြံစည်းရိုး ကာရံခြင်းကို တားဆီးသည့်အတွက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဝက်မှေးရွာခံများ ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List