Friday, February 07, 2014

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တောင်ကြီးဆေးတက္ကသိုလ်အတွက် ကျပ်သန်း ၅၀၀၀ ချပေးခဲ့သော်လည်း ဖောင်ဒေးရှင်း အဆင့်သာရှိသေးပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကျပ် ၆၅၂ ဘီလျံ တောင်းခံထားကြောင်း လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီပြောကြား



ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရန်အတွက် ကျပ်သန်း ၅၀၀၀ ချပေး ခဲ့သော်လည်း ဖောင်ဒေးရှင်းအဆင့်သာ ရှိသေးပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ၆၅၂ ဘီလျံ တောင်းခံထားကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီက ဖေဖေါ်ဝါရီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘတ်ဂျက် တောင်းခံ ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၉၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၄၀၀ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၅၂၈ ဘီလျံတောင်းခံခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ဘတ်ဂျက်တိုးမြှင့် လျာထားပြီး ကျပ် ၆၅၂ ဘီလျံ သုံးစွဲရန် လျာထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီဝင် ဒေါက်တာနေလင်းက “အဆောက်အအုံ ဆောက် လုပ်ဖို့ ကျန်းမာရေး ဦးစီးဌာနက ၅၃ ဘီလျံကျော်၊ တိုင်းရင်းဆေးက ၂၄ ဒသမ ၈ ဘီလျံနဲ့ ဆေးသိပ္ပံ ဦးစီးဌာနက ၂၀ ဘီလျံကျော် လျာထားတာ တွေ့ရပါတယ်။ တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ဖို့ အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က သန်း ၅၀၀၀ ဘတ်ဂျက်ချပေးထားပါတယ်။ ဒါပေမဲ့ ဖောင်ဒေးရှင်း အဆင့် သာရှိသေးတာ တွေ့ရပါတယ်။ တောင်ကြီး ဆေးရုံအတွက်ဆိုပြီး မော်တော်ယာဉ်နဲ့ ရုံးသုံးပစ္စည်းတွေဝယ်ဖို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ပရာဒိုကားအတွက် သိန်း ၅၀၀ ကျော်တင်ထားတယ်။ ၉၇ မော်ဒယ်ကား ဆိုရင် သိန်း ၃၅၀ ၀န်းကျင်လောက်ပဲရှိတယ်။ မလိုအပ်တဲ့ နေရာတွေမှာ သုံးစွဲမှုတွေ မရှိအောင် ပြန်လည် စိစစ်ဖို့ လိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

တောင်ကြီးဆေးတက္ကသိုလ်တွင် သုံးစွဲဖို့ မော်တော်ယာဉ်များ ၀ယ်ယူရန် ကျပ် ၂၃၅ သန်း၊ ရုံးသုံးပစ္စည်းများ ၀ယ်ယူရန် ကျပ် ၇၇ ဒသမ ၂၃၅ သန်း၊ ပရိဘောဂများ ၀ယ်ယူရန်အတွက် ကျပ် ၂၃၅ သန်းကျော် ဖော်ပြထားသည်ကို ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ကော်မတီက ထောက်ပြခဲ့သည်။

ကျန်းမာရေး ဦးစီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေကြီးအလိုက် အဆောက်အအုံ တည်ဆောက်မှု အပိုင်းတွင် ၁း၂.၄ ရှိကြောင်း၊ တိုင်းရင်းဆေး ဦးစီးဌာနသည် အဆောက်အအုံ ၉၇ လုံးအတွက် ကျပ် ၃၀၉၁၉ ဒသမ ၆၆၄ သန်း ရှိပြီး ကျန်းမာရေး ဦးစီးဌာန အဆောက်အအုံ ၃၅၇ လုံးအတွက် ကျပ် ၁၉၄၃၆ ဒသမ ၀၇၇ သန်း လျာထားသည်ကို တွေ့ရှိကြောင်း၊ တိုင်းရင်းဆေး ဦးစီးဌာန၏ တောင်းခံမှုသည် ၂၀၁၄ -၂၀၁၅ ခု ဘဏ္ဍာရေး နှစ်အတွက် တစ်လုံးတည်း တစ်ပေါင်းတည်း တည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း ဒေါက်တာနေလင်းက ပြောကြားသည်။

“၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ AMBULANCE ကား ၁၇၆ စီးသာရှိပါတယ်။ AMBULANCE ကားတွေ များများရှိဖို့ လိုပါတယ်။ ရုံးသုံးပစ္စည်းဝယ်ယူဖို့ ဖော်ပြတာ များနေပါတယ်။ ဒါတွေကို ပြန်လည်စိစစ် သင့်ပါတယ်။ ဆေးရုံအရည်အသွေး မြှင့်တင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ပိုသုံးဖို့၊ ဆေးရုံတွေကို လိုအပ်တာတွေ ပံ့ပိုးဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ၁၉၉၉-၂၀၀၀ မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အထိ ပြည်ပအကူအညီရငွေ သုံးစွဲငွေပေါင်း ကျပ် ၅၀ ဒသမ ၂၅၁ ဘီလျံ ဖြစ်သော်လည်း ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးစာရင်းတွင် စာရင်းတင်ဖော်ပြငွေမှာ ကျပ် ၃၇ ဒသမ ၅၃၇ ဘီလျံသာ ရှိကြောင်း တွေ့ရှိရသည့်အတွက် အမှန်ရရှိသည့် ပြည်ပအကူအညီရငွေနှင့် သုံးငွေများကို ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး စာရင်းတွင် မှန်မှန်ကန်ကန် ဖော်ပြထားခြင်း မရှိကြောင်း ထောက်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List