Tuesday, February 04, 2014

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ အလိုမရှိကြောင်းနှင့် ရပ်တန့်ရန် ပြည်သူ့ဆန္ဒပြု လက်မှတ်များ ရေးထိုးပြီး သမ္မတရုံးနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ တင်ပြသွားမည်


သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အလိုမရှိကြောင်းနှင့် ရပ်တန့်ရန်အတွက် ပြည်သူ များအကြား ဆန္ဒပြုလက်မှတ်ရေးထိုး လှုပ်ရှားမှုများ ပြုလုပ်နေပြီး ရရှိလာသောလက်မှတ်များကို နိုင်ငံတော် သမ္မတရုံးနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း Karen Rivers Watch အဖွဲ့မှ သိရသည်။

အဆိုပါ လက်မှတ်များကို မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေးနေ့တွင် တင်ပြသွား မည်ဖြစ်ပြီး အစိုးရအဖွဲ့များအပြင် တရုတ်၊ ထိုင်းနှင့် အဆိုပါစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၊ World Bank ၊ADB  တို့ထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“သံလွင်ရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ၊ တရုတ်၊ ထိုင်းကုမ္ပဏီတွေ၊ သံလွင် ရေကာတာ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေအပြင် မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များတွေကိုပါ သံလွင်မြစ်ပေါ်မှာ အန္တရာယ်များပြီး ပျက်စီးဆုံးရှုံးမှုများစေမယ့် အကြီးစား ရေကာတာ တည်ဆောက်ခြင်းတွေကို မလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ရေးလုပ်ငန်းတွေ  ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု  Karen Rivers Watchအဖွဲ့မှCampaign Coordinator စောသာပိုးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်လုပ်ကိုင်မည့် ကုမ္ပဏီများတွင် ကီလိုမီတာ ၂၈၂ဝ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး မြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်း ခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း (ခ) မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟက်ကြီး ရေကာတာတို့ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှHanergy Holding Comapany ၊ Hydrochina Corporation ၊ China Three Corporation၊ China Datang Over Seas Investment ၊ Sinohytro ၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World၊ IGE တို့ ပါဝင်နေသည်ဟု အကြမ်းဖျင်း သိရှိထားကြောင်း Karen Rivers Watch အဖွဲ့က ဆိုသည်။

ရေကာတာများ ဆောက်လုပ်ရေး ပြင်ဆင်နေသည့် ကာလအတွင်းမှာပင် ရေကာတာများ အနီးရှိ ဒေသ များမှ ကျေးရွာများကို ဖယ်ရှားသိမ်းဆည်းခြင်းများ၊ သစ်တောများ ပြုန်းတီးမှုများ ဖြစ်ပေါ်ကာ ကျေးရွာ များကို ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List