Friday, February 07, 2014

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၁၆/၂၀၁၄

၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်

(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း


၁။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနှင့်ဒုချီးရား တန်း(အနောက်)ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

(က)ဒေါက်တာသာလှရွှေ ဥက္ကဋ္ဌ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

(ခ) ဦးထွန်းအောင်ချိန် အဖွဲ့ဝင်
အဖွဲ့ဝင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ဂ) ဒေါက်တာငွန်ကျုံးလျန် အဖွဲ့ဝင်

နိုင်ငံတကာဥပဒေပညာရှင်

(ဃ) ဒေါက်တာတင်သိန်းလွင် အဖွဲ့ဝင်

ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

(င) ဦးတင်ဦး အဖွဲ့ဝင်

အငြိမ်းစားသံအမတ်ကြီး

(စ) ဟာဂျီဦးတင်မောင်ဝင်း အဖွဲ့ဝင်

အလုပ်အမှုဆောင်အဖွဲ့ဝင်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

(ဆ) ဦးဝင်းတည် အဖွဲ့ဝင်

အလုပ်အမှုဆောင်အဖွဲ့ဝင်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(ဇ) ဦးသာပွင့်(ရပ်မိရပ်ဖ) အဖွဲ့ဝင်

စစ်တွေမြို့၊ ရခိုင်ပြည်နယ်

(ဈ) ဦးလှသိန်း(ခ)မော်ဂျီဟူလာ(ရပ်မိရပ်ဖ) အဖွဲ့ဝင်

မောင်တောမြို့၊ ရခိုင်ပြည်နယ်

(ည) ဒေါက်တာကျော်ရင်လှိုင် အတွင်းရေးမှူး
Myanmar Egress

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က) ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်းကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း ၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်-မဟုတ်။

(ခ) ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း(အနောက်)ကျေးရွာ မီး လောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် မည်သူ့ ပယောဂကြောင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း။

(ဂ) ဒုချီးရားတန်း(အနောက်) ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ်မရှိသော မမှန်ကန်သည့် သတင်းထုတ် လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း။

(ဃ) ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ်ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ။

(င)ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ် ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရ မည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.moi.gov.mm/announcement/7/02/2014/id-2007

No comments:

Post a Comment

My Blog List