မကွေးမြို့ ရန်နိုင် ရပ်ကွက် မြို့ပတ်လမ်းရှိ ဖန်ခါးမြေဟိုတယ် ဘုရားခန်းအတွင်း၌ သီတင်းသုံးနေတော်မူ သော ကြေးဆင်းတုတော် ၏ ဘယ်ဘက်မျက်လုံးတော်မှာ ဇန်န၀ါရီ ၂၉ရက် နံနက်ပိုင်းက ထူးခြားစွာပွင့်တော်မူခဲ့၍ ယခုအခါ အဆိုပါကြေးဆင်းတုတော်အား လာရောက် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
““ဇန်န၀ါရီ ၂၉ရက် မနက် ၆နာရီ ၄၅မိနစ်ခန့်က ဟိုတယ်ဝန်ထမ်းလူငယ်လေး တစ်ဦးက ဆင်းတုတော်ကို ရေချမ်းသွားကပ် တော့ ဘယ်ဘက်မျက်လုံးတော်ပွင့်နေတယ် လို့ လာပြောတယ်။ ဒါနဲ့ ကျွန်မတို့သွားကြည့် တယ်။ ပထမတော့ မပွင့်တပွင့်ပဲ တဖြည်း ဖြည်းနဲ့ ပွင့်လာတာ ခုမြင်ရတဲ့အတိုင်းပဲ””ဟု ဟိုတယ်မန်နေဂျာ၏ဇနီးက ပြောသည်။
အဆိုပါကြေးဆင်းတုတော်ကို ၂၀၁၃ ခုနှစ်တွင် မြသလွန်စေတီတော်၏ ဘုရားပွဲဈေး နိဗ္ဗာန်ကုန်ဆိုင်မှ ပင့်ဆောင် ပူဇော် ခဲ့ခြင်းဖြစ်ပြီး ဆင်းတုတော်မှာ ဉာဏ် တော် ၁၁ လက်မရှိကြောင်း သိရသည်။
Yangon Media Group

No comments:
Post a Comment