Friday, February 07, 2014

ကာကွယ်ရေး အသုံးစရိတ် ၂ ရာခိုင်နှုန်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တို့တွင် မျှဝေသုံးစွဲရန် တောင်းဆို




ကာကွယ်ရေးဝန်ကြီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အသုံးပြုရန် လျာထားသော ဘဏ္ဍာငွေများထဲမှ ၂ ရာခိုင်နှုန်းကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အသုံးပြုရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းဆိုသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း ကာကွယ်ရေးဝန်ကြီးဌာန ဘဏ္ဍာငွေ တောင်းခံ ခြင်းနှင့် ပတ်သက်ပြီး ၎င်းကယင်းသို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ဝန်ကြီးဌာန ၃၄ ခုတွင် ပညာရေးဝန်ကြီးဌာနမှ ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက ၃ဒသမ၉ ရာခိုင်နှုန်းသာ အသုံးပြုထားသော်လည်း ကာကွယ်ရေး ဝန်ကြီး ဌာနက ၁၇ ရာခိုင်နှုန်း သုံးစွဲထားကြောင်း ဒေါ်မိမြင့်သန်းက ထောက်ပြသည်။
 
“ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို ၁၅ ရာခိုင်နှုန်း ထားရှိပြီး ကျန် ၂ ရာခိုင်နှုန်းကို ပညာရေးနဲ့ ကျန်းမာရေးကို ပြောင်းရွှေ့ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၂၁၅,၁၂၈ ဒသမ ၃၆ သန်း အသုံးပြုရန် လျာထား တောင်းခံထားကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

အလားတူ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေသုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သုံးသပ် တင်ပြ ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List