Monday, February 03, 2014

ဆယ်ကျော်သက် အိပ်မက် အခုချိန်မှာ လုပ်ခွင့်ရနေတယ် ထွန်းရတီ



ဆယ်ကျော်သက် အိပ်မက် အခုချိန်မှာ လုပ်ခွင့်ရနေတယ် ထွန်းရတီလူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတကူးတွေ၊ ဘဝတွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ မတူတဲ့ လက်တွေ့ ဘဝကို ရောက်နေကြ တာတွေရှိပါတယ်။ ဆယ်ကျော်သက အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လိုဆိုပြီး ပရိသတ်စိတ်ဝင် စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘဝက စိတ်ကူးအကြောင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
ဆယ်ကျော်သက် တုန်းက အိပ်မက်ကို အခုအချိန်မှာ လုပ်ခွင့်ရနေတယ်

ဆယ်ကျော်သက်အရွယ်တုန်း ကတော့ ကိုယ်ဖြစ်ချင်တာကိုသေ သေချာချာမသိရသေးဘူးဆိုပေမယ့် ခြောက်တန်းလောက်ကတည်းက သီချင်းဆိုတာအရမ်းဝါသနာပါတယ်။ အိမ်ကိုဖွင့်ပြောတော့ အိမ်က လက်မခံဘူး။ ကြီးလာရင် ဆရာဝန်ဖြစ် အောင်လုပ်ရမယ်တဲ့ ဒါပေမဲ့ ကိုယ်က စာလည်းမတော်ဘူး။ စာကျက်ရတာလည်း အရမ်းပျင်းတယ်။ နောက်ပိုင်းမိဘတွေကလည်း ဆရာဝန်မဖြစ်နိုင်မှန်းသိလာတော့ ကိုယ် လုပ်ချင်တဲ့ ဒီအနုပညာအလုပ်ကို လုပ်ခွင့်ရတာပါ။

ငယ်ဘဝက အိပ်မက်ကို အကောင်အထည် အဖော်နိုင်ဘူးဆိုရင် အခုချိန် အပြင်မှာ စီးပွားရေး လုပ်ဖြစ်မယ်

ငယ်ငယ်ကတည်းကသာ ဒီလို အဆိုတော်လုပ်ဖို့ မရူးသွပ်ခဲ့ရင် အခုချိန် အပြင်မှာစီးပွားရေး တစ်ခု ခုလုပ်နေပါပြီ။ ကိုယ့်လိုရွယ်တူတန်းတူ သူငယ်ချင်းတွေလည်း အပြင်မှာ စီးပွားရေးအလုပ်တစ်ခုနဲ့ ရပ်တည် နေကြပါပြီ။ ကိုယ်ကတော့ အနုပညာလောကထဲမှာ ခြေလှမ်းတစ် လှမ်းစလှမ်းခွင့်ရတာလို့ပဲ သတ်မှတ် ထားတဲ့အတွက် အများကြီးကြိုးစား ရဦးမှာပါ။

အရမ်းချုပ်ခြယ်တဲ့ မိဘတွေထဲမှာတော့ မပါဘူး

သူတို့ဖြစ်ချင်တာကို သူတို့ပြောတယ်။ ကိုယ်ကလည်း ကိုယ်လုပ်ချင်တာကို ကိုယ်ပြောတယ်။ အရမ်းကြီး ချုပ်ခြယ်တဲ့ မိဘတွေတော့ မဟုတ်ပါဘူး။ ကိုယ်လည်း အသက် ကြီးလာတယ်။ င်္ငမျအ့ နမေ ရောက် တော့မှ စိတ်ချလက်ချလွှတ်တယ်။ ကိုယ်ကလည်း အကောင်းအဆိုးကိုခွဲခြားနိုင်ပြီဆိုတော့ သူတို့စိတ်ချရတဲ့ အထိဖြစ်လာတာပါ။

အရမ်းချုပ်ခြယ်တဲ့ စိတ်ထွက်ပေါက် ရှာကြတဲ့ သားသမီးတွေ အတွက်ရော

အရမ်းချုပ်ချယ်ခံရတဲ့ သားသမီးတွေက ထွက်ပေါက်ရှာတယ်ဆိုတာ မလုပ်သင့်ပါဘူး။ မိဘတွေက ကိုယ့်ကို အရမ်းချစ်လို့ချုပ်ခြယ်တယ် ထင်လိုက်ပါ။ ချုပ်ခြယ်ခံရတယ်ဆိုတာ ကိုယ်မဟုတ်တာလုပ်မိမှာစိုးလို့ သူတို့က တားမြစ်တာဖြစ်နိုင်ပါတယ်။ ချုပ်ခြယ်ခံရလို့ အရမ်းစိတ် တွေ မွန်းကျပ်ပြီး မနေပါနဲ့ ပေါ့ပေါ့ ပါးပါးနဲ့ပဲ ဘဝ ကို ဖြတ်သန်းနေ ထိုင်ဖို့လိုပါတယ်။

အရမ်းချုပ်ခြယ်တဲ့ မိဘတွေအတွက် ဘယ်လို အကြံပေးချင် သလဲ

ကိုယ့်သားသမီးကို အရမ်းမချုပ်ခြယ်သင့်ပါဘူး။ မိဘတိုင်းက တော့ သားသမီးတိုင်းအတွက် စိုးရိမ်တတ် တာတော့ မှန်ပါတယ်။ ဒါ ပေမဲ့ အရမ်းကြီးချုပ်ခြယ်လွန်းရင် တော့ ကိုယ့်ရဲ့ကလေးက အရာရာကို ကြောက် ရွံ့နေပြီး အမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ နောက်ဆုံး ကိုယ်လုပ် ချင်ရာလုပ်ပြီး စိတ်ထွက်ပေါက်ရှာ တတ်ပါ တယ်။ မိဘတွေအနေနဲ့ အရမ်းမချုပ်ခြယ်ဘဲ သား သမီးတွေ ကို နားလည်အောင်ပြောဆိုပြီးပေါ့ပါးပါးလေးနဲ့ ထိန်းချုပ်သင့်တယ် လို့ထင်ပါတယ်။

ငယ်ဘဝ အိပ်မက်ကို အခုချိန်မှာ အကောင်အထည် မဖော်နိုင်တဲ့ လူတွေ အတွက်ရော

ငယ်ဘဝအိပ်မက်တွေ အခုချိန်မှာ အကောင်အထည်မဖော်နိုင်ဘူး ဆိုပေမယ့် အခုကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစားရမယ်။ အခွင့်အခါ ကြုံလာရင် ကိုယ်လုပ်ချင်တာကို လုပ်ပြနိုင်ရမယ်။ ဘာဖြစ်လို့လဲဆို တော့ ကိုယ်ဘာပဲဖြစ်ဖြစ်အခွင့်အ ရေးပေးလာရင်တော့ ငယ်ဘဝအိပ် မက်တွေ အကောင်အထည်ဖော် နိုင်အောင် ကြိုးစားဖို့လိုပါတယ်။

သရုပ်ဆောင် လုပ်ဖို့ အများကြီး ကြိုးစားရမယ် ထင်တယ်

ငယ်ငယ်တုန်းကတော့ သီချင်း တွေဆိုလိုက် မင်းသမီးလိုအိုက်တင် တွေ ပေးလိုက်နဲ့ပေါ့။ ဒါပေမဲ့ အ နု ပညာ အလုပ်ကို လုပ်ဖို့အတွက် နယ်ကနေ ရန်ကုန်ကိုရောက်လာတယ် အခုမှခြေလှမ်းစရတာဆို တော့ သရုပ်ဆောင်လုပ်ဖို့ဆိုတာ အရမ်းဝေးလွန်းပါသေးတယ်။ ဒါပေ မဲ့ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းလာရင် တော့ ရိုက်ဖို့အစီအစဉ်ရှိပါတယ်။ 

8 Days

No comments:

Post a Comment

My Blog List