Monday, February 03, 2014

ဒေါ်စုသမ္မတဖြစ်ခွင့် အကြံပြုစာများ အကျဉ်းရုံးသာစိစစ်




မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင်တားဆီးထားတဲ့ အချက်တွေကို ပြင်ဆင်ဖို့အတွက် ထောင်နဲ့ချီ ရရှိထားတဲ့ အကြံပြုစာတွေကို လွှတ်တော်က အကျယ်တ၀င့် ဆွေးနွေးရမယ့်အစား အကျဉ်းရုံးသာ ပေါင်းပြီးစစ်ဆေးခဲ့ကြပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ နိုင်ငံသား တစ်ယောက်ရဲ့ သားသမီးပာာ နိုင်ငံသားဖြစ်မှသာ သမ္မတ ဖြစ်ခွင့် ရှိတယ်ဆိုတဲ့  အရည်အချင်း သတ်မှတ်ထားတဲ့  ပုဒ်မ (၅၉/စ)ပာာ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ဖို့ ဟန့်တားထားတဲ့ အချက်ဖြစ်ပါတယ်။

အဲဒီ ပုဒ်မ ၅၉/စ နဲ့ပတ်သက်ပြီးတော့ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီက အကြံပြုစာ ခြောက်ထောင်လောက် ရရှိခဲ့ပြီး ၅၇၀၀ကျော်က ပြင်ဆင်ဖို့ တောင်းဆိုထားကြပါတယ်။ အကြံပြုစာ ၁၉၀ ကျော်ကတော့ လုံးဝဖျက်သိမ်းလိုက်ဖို့ တောင်းဆိုထားကြပြီးတော့ ကျန် ၅၀ကျော်ကတော့ လက်ရှိ အတိုင်းသာ ဆက်ထားဖို့ တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

အဲဒါပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ စစ်တပ်က တားဆီးပိုင်ခွင့် အာဏာရှိတဲ့ အချက်ဖြစ်တဲ့ ပုဒ်မ ၁၂ကိုလည်း ပြင်ဆင်ဖို့အတွက် ပုဒ်မ ၅၉/စ နဲ့အလားတူပဲ အကြံပြုစာတွေ အများကြီး ရရှိခဲ့ကြပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ အသစ်ရေးဆွဲဖို့အတွက် လူအများက လိုလားနေ ကြချိန်မှာ အဆိုအပါအခြေခံဥပဒေကို မပြင်ဖို့ လူထုဆန္ဒကောက်ခံပွဲ ကျင်းပရာမှာ လူတစ်ထောင် ၀န်းကျင် သာ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List