Wednesday, February 05, 2014

တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးများ ယခုထက် ပိုမိုရရှိရန် လုပ်ဆောင်သွားမည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိစဉ်ပြောကြား



တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးများ ယခုထက်ပိုမိုရရှိရန် လုပ်ဆောင်သွားမည်ဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဖေဖော်ဝါရီ ၄ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိစဉ် ပြောကြားသည်။ခရီးစဉ်အတွင်း မောင်တောဒေသခံများ၏ လိုအပ်ချက် များနှင့် လုပ်ဆောင်ရမည့် အချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဒေသခံများနှင့် တွေ့ဆုံစဉ် ၎င်းကပြောကြားသည်။ 
ယင်းအပြင် ခြစားမှုများနှင့် စီမံကိန်းများ အကောင်အထည် ဖော်မှုများကို အဓိကထား ပြောကြားခဲ့ပြီး ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးရန်လည်း လိုအပ်နေကြောင်းကို ဖြည့်စွက်ပြောကြားသည်။

“အဓိကတော့ စီမံကိန်းတွေဆိုလည်း စာရွက်တွေပေါ်မှာပဲ မထားသင့်ဘူး။ လိုအပ်ချက်တွေရှိရင် ပြည်ထောင်စုအစိုးရဆီကလည်း တောင်းခံ။ ကျွန်တော်တို့ဘက်ကလည်း အစိုးရမှာ လျာထားတဲ့ငွေတွေရှိတယ်။ နိုင်ငံခြားက အကူအညီငွေတွေ ရှိတယ်။ ချေးငွေတွေ ရှိပါတယ်။ ပံ့ပိုးပေးပါမယ်။ စီမံကိန်းတွေဟာ သက်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးအောင်လုပ်ရမယ်။ မပြီးရင် ယုံကြည်မှုပျက်ပြားမယ်။ ယုံကြည်မှုက ဘယ်နေရာမှာမဆို အရေးကြီးပါတယ်” ဟု ဒုသမ္မတဦးဉာဏ်ထွန်းက ပြောကြားသည်။

မောင်တောမြို့ဒေသခံ ရခိုင်တိုင်းရင်းသားများက တင်ပြရာတွင် ၎င်းတို့အတွက် လုံခြုံရေးမှာ အဓိက လိုအပ်နေသည်ဟု ဒုသမ္မတထံသို့ ပြောကြားခဲ့ပြီး ဒုသမ္မတ ဦးဉာဏ်ထွန်းကလည်း မိမိမောင်တောဒေသသို့ လာရောက်သည့် ခရီးစဉ်မှာလည်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းအပြင် မောင်တောမြို့နယ်အတွင်း လူများစုအဖြစ် နေထိုင်နေသော ဘင်္ဂါလီဒေသခံများအား တရားဥပဒေကို လိုက်နာစွာ နေထိုင်ရန်မှာ အရေးကြီးကြောင်းလည်း ဒုသမ္မတက ပြောကြားသည်။

ဒုသမ္မတက “မလုပ်နဲ့ဆိုတာကိုလုပ်ရင် ဥပဒေအရ အရေးယူခံရမယ်။ လုပ်ဆိုတဲ့ဟာကိုလည်း လုပ်ရမယ်။ အဲဒါကို မလုပ်ရင်လည်း အရေးယူခံရမယ်။ ဒီအတွက် ဒီမှာနေထိုင်တဲ့ သူတွေဟာ တရားဥပဒေ စိုးမိုးရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List