Wednesday, February 03, 2016

သမ္မတပဟေဠိနှင့် ဒေါ်အောင်ဆန်းစုကြည်


လွှတ်တော်အခင်းအကျင်းသစ် စတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)က တင်မြှောက်မည့် သမ္မတလောင်းအပေါ် စိတ်ဝင်စားမှုများ ဒီရေအလား တရိပ်ရိပ်မြင့်တက် လာနေသည်။
ပြည်သူလူထု၏ ဆန္ဒသဘောထားကိုအခြေခံပြီး သမ္မတလောင်းနေရာသည် ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အတွက်သာဖြစ်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက ယုံကြည်သည်။

လွှတ်တော် ပထမနေ့မှာပင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များက ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဦးစားပေးဆောင် ရွက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

‘‘အဓိကရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရေးပဲ။ မြန်မလား၊ နှေးမလားဆိုတာတော့ နောက်အပတ်တွေမှာဖြစ်လာမယ့် လွှတ်တော် ထဲက အခြေအနေပေါ်မှာမူတည်တယ်’’ ဟု ပါတီထိပ် ပိုင်းခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ဆိုသည်။အလားတူပင် ဒေါ်အောင် ဆန်းစုကြည်သည် သမ္မတဖြစ်ရ မည်ဖြစ်ပြီး သမ္မတဖြစ်စေရန်အ တွက် ထမ်းပိုးမည့်သူဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နေပြည်တော်၊ လွှတ်တော် အဆောက်အအုံ၌ သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ဖြေကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက သတင်းဖော်ပြ သည်။ ထိုသို့ဖြေကြားခဲ့သဖြင့် ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် လာနိုင်ခြေ ပိုမို များပြားလာနေ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နေရာအများစုလွှမ်းမိုးထား သည့် ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်တို့သည် ဖေဖော် ဝါရီလဆန်းပိုင်းတွင် စတင်ကျင်း ပနေပြီဖြစ်ကာ လွှတ်တော်နှစ်ရပ် ၏ဥက္ကဋ္ဌ နေရာများကို ရွေးချယ် တာဝန်ပေးထားပြီးဖြစ်၍ မကြာ မီအချိန်တွင် လွှတ်တော်သို့ သမ္မ တလောင်း အမည်စာရင်းကို ဒီချုပ်က တင်သွင်းရတော့မည်ဖြစ် သည်။ လွှတ်တော်သို့ သမ္မတ လောင်းအဖြစ် ဒေါ်အောင်ဆန်းး စုကြည် အမည်စာရင်းတင်သွင်း နိုင်ရေးတွင် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြဋ္ဌာန်းချက်ဖြစ်သော ပုဒ်မ ၅၉(စ) သည် ကြီးစွာသော မဟာ တံတိုင်းအဟန့်အတားကြီးဖြစ်နေ သည့်အတွက် ဒီချုပ်ခေါင်းဆောင် ပိုင်းများကြားတွင် ယင်းအခက်အ ခဲကို ကျော်လွှားနိုင်ရေးအားထုတ် ကြိုးပမ်းနေကြသည်။

ပုဒ်မ ၅၉(စ) သည် သမ္မတ ၏အရည်အချင်းသတ်မှတ်ချက် တစ်ခုဖြစ်ပြီး ယင်းပြဋ္ဌာန်းချက်အ ရ နိုင်ငံတော်သမ္မတ၏ခင်ပွန်းနှင့် သားသမီးများသည် နိုင်ငံခြားသား များ မဖြစ်စေရဟု အဓိပ္ပာယ်ရသည့်အတွက် ခင်ပွန်းဖြစ်သူနှင့် သားနှစ်ဦးမှာ နိုင်ငံခြားသားများ ဖြစ်နေသောကြောင့် ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ရန် ပုဒ်မ ၅၉(စ) က အတားအဆီးဖြစ်နေ သည်။ဆယ်စုနှစ်သုံးခုနီးပါး မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကြုံ လာသမျှ လောက်ကဓံတရားများ ကို ကြံ့ကြံ့ခံခဲ့သော သံမဏိအမျိုး သမီးကြီး သမ္မတဖြစ်ရေးအတွက် လွှတ်တော်တွင် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန် ဦးစွာ လွှတ်တော်ထဲရှိ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် က ပြင်ဆင်ရန် သဘောတူပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူအား လုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်ဖြစ်သည်။

လွှတ်တော်အတွင်းတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ သည် ၇၅ ရာခိုင်နှုန်းသာရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက ၂၅ ရာခိုင်နှုန်းပါဝင် နေသည့်အတွက် ၇၅ ရာခိုင်နှုန်း ကျော်ရန် အနည်းဆုံးတပ်မတော် သားတစ်ဦးက ထောက်ခံမှသာ ပြင်ဆင်ရေးလမ်းကြောင်း ပွင့်မည်ဖြစ်သည်။

တပ်မတော်အစိုးရ လက် ထက်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်ပုဒ်မ ၅၉(စ) သည် ဒေါ်အောင်ဆန်းစု ကြည် သမ္မတမဖြစ်စေရန် ရည် ရွယ်ပြီး ရေးဆွဲခဲ့သော ပုဒ်မတစ်ခု ဖြစ်ကြောင်း ဝေဖန်မှုများရှိခဲ့ကာ ပြီးခဲ့သည့် ပထမအကြိမ် လွှတ် တော် သက်တမ်းအတွင်း ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန် ကြိုးစားခဲ့ သော်လည်း ထောက်ခံမှု ၇၅ ရာ ခိုင်နှုန်းမကျော်သဖြင့် လွှတ်တော် အတွင်း၌ပင် ရှုံးနိမ့်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် လူထုက ဆန္ဒပြင်းပြနေသည့် အချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ထိပ်ပိုင်းခေါင်း ဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီး သူ သူရဦးအောင်ကိုက ၅၉(စ) ကို ကျော်လွှားနိုင်မည့် နည်းလမ်း တစ်ခုကို ၂၀၁၅ အတွင်းက ထုတ်ပြခဲ့သည်။

သူရဦးအောင်ကိုက ပုဒ်မ ၅၉(စ) ကို ပြင်ဆင်နိုင်ရန်မဖြစ်နိုင် သည့်အခြေအနေတွင် လာမည့် လွှတ်တော်အသစ်(ကျင်းပဆဲ ဒု တိယအကြိမ် လွှတ်တော်)တွင် ယင်းပုဒ်မကို အဆိုတင်ပြီး ယာယီ ဆိုင်းငံ့ထားဖို့ မျှော်လင့်ကြောင်း ဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ခေါင်းဆောင်ပိုင်း အမျိုး သမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း ပုဒ်မ ၅၉(စ) ကို အချိန်ကာလတစ်ခု ခေတ္တဆိုင်းငံ့ ထားရန် လွှတ်တော်တွင် အဆို တင်ပြီး လွှတ်တော် ကိုယ်စား လှယ်များ၏ထက်ဝက်ကျော်က ထောက်ခံပါက ဒေါ်အောင်ဆန်းစု ကြည်သမ္မတဖြစ်လာရေးအတွက် လမ်းစပွင့်လာမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့နိုင်ရန်လွှတ်တော်တွင် ဦးစွာ အဆိုတစ် ခုတင်ရမည်ဖြစ်ကာ မဲခွဲဆုံးဖြတ် ၍ အနိုင်ရပါက ယင်းပုဒ်မကို ဆိုင်းငံ့ကြောင်း ဥပဒေကြမ်းတစ်ခု လွှတ်တော်တွင် ရေးဆွဲအတည်ပြု ပြီးသည့်နောက်တွင် ဆိုင်းငံ့မှုအ တည်ဖြစ်မည်ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်း ကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

‘‘ပြင်ဖို့ သိပ်အခက်အခဲဖြစ် တဲ့အခါ မပြင်ဘူးကွာ ဒီဟာကို ခဏလေးဆိုင်းထားမယ်။ အဲဒီ တော့ မေးစရာဖြစ်လာတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ဆိုင်းငံ့ တာပါသလားဆိုတော ဖွဲ့စည်းပုံမှာ ဆိုင်းငံ့ဖို့လည်း မပါဘူး။ မဆိုင်းငံ့ ဖို့လည်း မပါဘူး။ ဒါက အခြေအ နေအရ လိုအပ်ရင် လုပ်ရတဲ့ဟာ မျိုးပဲ’’ဟု ဦးကိုနီက ဆိုသည်။

လက်ရှိအချိန်တွင် အင်န် အယ်လ်ဒီ၏သမ္မတလောင်းများ အဖြစ် ရေပန်းစားနေသူများထွက် ပေါ်နေပြီး ၎င်းတို့အထဲတွင် ပါတီ နာယက သူရဦးတင်ဦး၊ ဒေါ် အောင်ဆန်းစုကြည်၏မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း၊ ဆရာကြီးမင်းသုဝဏ်၏သား ဦး ထင်ကျော်တို့လည်း ထင်ကြေး ပေးခံနေရသည်။

သို့သော် ပါတီထိပ်ပိုင်း ခေါင်းဆောင်ဦးဝင်းထိန်က ဒေါ် အောင်ဆန်းစုကြည်သမ္မတဖြစ် ရေးအားလုံးဝိုင်းပြီး အားစိုက်နေ ကာ သူ(ဒေါ်အောင်ဆန်းစုကြည်) သမ္မတဖြစ်နိုင်ရေးနည်းလမ်းများကို ကြိုးစားနေကြသည်ဟု ဆိုသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ထားသည့် ပြည်ထောင်စု လွှတ် တော်သစ်တွင် ဒီချုပ်အနေဖြင့် ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ်များ၏ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရထားသောကြောင့် လွှတ် တော်အတွင်း ပုဒ်မ ၅၉(စ) ကို ပြင်ဆင်နိုင်ရန် တပ်မတော်၏ထောက် ခံမှုကိုသာရပါက ဒီချုပ်နှင့်တပ်မ တော်သားလွှတ်တော် ကိုယ်စား လှယ်များပူးပေါင်းပြီး ၅၉(စ)ကို ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယင်းနည်းလမ်းကို အသုံးပြု ရန် ရှိ၊ မရှိကို 7Day News Journal၏မေးမြန်းမှုကိုတော့ ထိလွယ်ရှ လွယ်ကိစ္စဖြစ်နေသောကြောင့် မ ဖြေလိုသေးကြောင်း ဦးဝင်းထိန်ကဆိုသည်။

တပ်မတော်ပိုင် မြဝတီသ တင်းစာက ဒီချုပ်နေရာအများစု ရထားသည့်၊ ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်သည့် ဖေ ဖော်ဝါရီ ၁ ရက်က ထုတ်ဝေသည့် သတင်းစာတွင် ပုဒ်မ ၅၉(စ) ကို ထာဝရမပြောင်းလဲဘဲ ရှိနေစေချင်ကြောင်း ဆောင်းပါးတစ်ပုဒ်ရေး သားထားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မည်သို့ ပင် အတားအဆီးများရှိနေသည် ဖြစ်စေ၊ ပြည်သူများက သူ့ကို သမ္မတဖြစ်စေချင်သည့်ဆန္ဒကို နို ဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ဒီချုပ်ကို အင်တိုက် အားတိုက် အားပေးခဲ့သည်ကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်သည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင် ခဲ့သော ဒီချုပ်လွှတ်တော်ကိုယ် စားလှယ်အများစု နေရာရထား သော လွှတ်တော်တွင် သမ္မတ အမည်စာရင်းတင်သွင်းသည့်အ ခါ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးအတွက် ပုဒ်မ ၅၉(စ) ကို မည်သို့ ကျော်လွှားမည်ကို လာ မည့် လွှတ်တော်အစည်းအဝေး ရက်များအတွင်း တွေ့မြင်ရတော့ မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List