Tuesday, February 02, 2016

ဟီလာရီ ကလင်တန်နဲ့ Ted Cruz တို့ ရှေ့ပြေးနေ


Iowa ​ပြည်နယ်ရဲ့ ​သမ္မတလောင်း ​ရွေးချယ်ရေးမှာ ​ဒီမိုကရက်တစ်ပါတီက ​သမ္မတလောင်း ​ဟီလာရီ ​ကလင်တန်က ​တပါတီတည်းသား ​ပြိုင်ဘက် ​Bernie ​Sanders ​ကို ​အနည်းငယ်အသာရရှိနေပါတယ်။ ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းပြိုင်ပွဲမှာတော့ ​Ted ​Cruz ​က ​Donald ​Trump ​ရှေ့ကို ​ရောက်ရှိနေပါတယ်။
၂၀၁၆ ​ခုနှစ်မှာ ​ပြုလုပ်မယ့် ​သမ္မတ ​ရွေးကောက်ပွဲအတွက် ​ပြည်နယ်တွေမှာ ​ရွေးချယ်မှု ​လုပ်နေတာဖြစ်ပြီး ​Iowa ​ပြည်နယ်မှာ ​ပထမဆုံး ​စတင်လိုက်တာ ​ဖြစ်ပါတယ်။

Texas ​ပြည်နယ်က ​လွှတ်တော်အမတ် ​Ted ​Cruz ​က ​မဲပေါင်း ​၂၉.၈% ​ရရှိပြီး ​သူဌေးကြီး ​Donald ​Trump   ​27.4 ​%နဲ့ ​နောက်ကနေ ​လိုက်နေတာ ​ဖြစ်ပါတယ်။

သမ္မတဟောင်း ​ဘီလ်ကလင်တန်ရဲ့ ​ဇနီးသည်လည်းဖြစ် ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်းလည်း ​ဖြစ်တဲ့ ​ဟီလာရီ ​ကလင်တန်ကတော့ ​၅၁.၆ ​% ​ရရှိပြီး ​ပြိုင်ဘက် ​Bernie ​Sanders ​ကတော့ ​၄၇.၈% ​နဲ့ ​နောက်ကနေ ​လိုက်နေတာ ​ဖြစ်ပါတယ်။

ဟီလာရီ ​ကလင်တန်ဟာ ​၂၀၀၈ ​ခု ​သမ္မတ ​ရွေးကောက်ပွဲတုန်းက ​Iowa ​မှာ ​ပြုလုပ်တဲ့ ​ရွေးကောက်ပွဲအတွင်း ​သမ္မတ ​ဘာရက် ​အိုဘားမားကို ​ရှုံးနိမ့် ခဲ့ပေမယ့် ​ဒီတချီမှာ ​အနိုင်ရမယ်လို့ ​မျှော်လင့်နေတာ ​ဖြစ်ပါတယ်။

နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​သမ္မတ ​ရွေးကောက်ပွဲမှာ ​ယှဉ်ပြိုင် ခွင့်ရမယ့် ​သမ္မတလောင်းတွေကို ​ပြည်နယ်တိုင်းမှာ ​ရွေးချယ်ကြမှာ ​ဖြစ်ပြီး ​Iowa ​ပြည်နယ် ​ရွေးကောက်မှုရဲ့ ​တရားဝင် ​ရလဒ်ကိုတော့ ​အနည်းငယ် ​စောင့်ဆိုင်းရဦးမှာ ​ဖြစ်ပါတယ်။


ABC

No comments:

Post a Comment

My Blog List