Monday, February 01, 2016

မလေးအစိုးရပိုင် ဒေါ်လာ ၄ ဘီလီယံ အခိုးခံရဟု တရားလိုများပြော

မလေးရှားအစိုးရပိုင် ဒေါ်လာ ၄ ဘီလီယံလောက် အခိုးခံရတယ်လို့ ဆွစ်ဇာလန် ရှေ့နေတွေက ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါ တယ်။ မလေးရှားက အဓိက စီးပွားရေးလုပ်ငန်းများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေအတွက် ငွေပေးဖို့ ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့တဲ့ မလေးရှား အစိုးရပိုင် ၀မ်းမလေးရှား ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (1MDB) ကို ဆွစ်ဇာလန် တာဝန်ရှိသူတွေက အရင်နှစ်က စစ်ဆေးခဲ့ပါတယ်။
ဒီနောက်မှာတော့ မလေးရှားအစိုးရပိုင် ကုမ္ပဏီထံကနေ ငွေကြေးတွေ မတော်တရော် လုပ်ဆောင်မှုတွေကို တွေ့ရှိခဲ့တယ်လို့ ဆွစ်အထွေထွေ ရှေ့နေချုပ် မိုက်ကယ်လော်ဘာက ထုတ်ပြန်ချက်မှာပြောတယ်လို့ ဘီဘီစီသတင်းက ရေးပါတယ်။

တချို့ငွေတွေက မလေးရှား လူထုအရာရှိဟောင်းနဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုက အရာရှိဟောင်းတွေက ဆွစ်ဇာလန် ဘဏ်အကောင့်ထဲကို လွှဲပေးခဲ့တာလို့လည်း ဆိုပါတယ်။

ဆွစ်ဇာလန်က သက်ဆိုင်သူတွေကို ဥပဒေကြောင်းအရ အကူအညီပေးဖို့ လည်း လော်ဘာက တောင်းဆိုပါတယ်။

1MDB ကတော့ ဥပဒေတာဝန်ရှိသူတွေနဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။1MDB ရဲ့ ငွေကြေးဆိုင်ရာ အကြံပေး ဘုတ်အဖွဲ့မှာတော့ မလေးရှား ၀န်ကြီးချုပ် နာဂျစ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပါတယ်။

အရင်ရက်ပိုင်းကလည်း နာဂျစ်ရဲ့ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၈၉၁ သန်းဟာ ၂၀၁၃ ရွေးကောက်ပွဲအနိုင်ရဖို့ ဆော်ဒီအာရေဗီယားက အကူ အညီပေးတယ်ဆိုပြီး နာဂျစ်အပေါ် အကျင့်ပျက်ခြစားမှု စွဲချက်ကို ပယ်ဖျက် ခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List