Monday, February 01, 2016

ဘဏ္ဍာရေးရာဇဝတ်မှု စွဲချက်များဖြင့် သီရိလင်္ကာသမ္မတဟောင်း၏ သားအား ဖမ်းဆီး


နိုင်ငံ၏ ငွေကြေးခ၀ါချမှုအက်ဥပဒေအရ သီရိလင်္ကာသမ္မတဟောင်း မဟင်ဒါ ရာဇပက်ဆာ၏ သားဖြစ်သူကို ဇန်န၀ါရီ ၃၀ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ ရမန်ဖြင့် ထိန်းသိမ်းထားမည်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရာကာပက်ဆာ မိသားစုဝင်အတော်များများမှာ ဘဏ္ဍာရေး ရာဇ၀တ်မှုစွဲ ချက်များဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်နေရသည်။ ၄င်းတို့ အထဲတွင် ၂၀၁၅ခုနှစ်မတိုင်မီ ဆယ်စုနှစ်တစ်ခု သမ္မတလုပ်သွားခဲ့သည့် ရာဇပက်ဆာ၊ သူ၏ ညီများဖြစ်ကြသည့် ဘာဆီနှင့် ဂိုတာဘယာ၊ ဇနီး ရှီရန်သီနှင့် အကြီးဆုံးသား နမယ်တို့ ပါဝင်နေသည်။

ရာကာပက်ဆာ၏ ဒုတိယမြောက်သားဖြစ်သည့် အသက်၂၇နှစ်အရွယ် ရေတပ်အရာရှိ ယိုရှီသာမှာ ရာကာပက်ဆာ၏ ပြောခွင့်ရပုဂိုလ်၊ ဆိပ်ကမ်းနှင့် သင်္ဘောတင်ဝန်ကြီး အာဂျူနာ ရာနာတွန်ဂါ၏ ညီဖြစ်သူတို့အပါအ၀င် အခြား လေးဦးနှင့်အတူ အဖမ်းဆီးခံခဲ့ရသည်။

ရဲတပ်ဖွဲ့ပြောခွင့်ရပုဂိုလ် ရူဝမ် ဂူနာဆက်ကီရာ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများကို ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ ထိန်းသိမ်းထားရန ဒေသတွင်း တရားရုံးတစ်ခုက အမိန့်ထုတ်ခဲ့သည်ဟု ဆိုသည်။

သမ္မတ မယ်သရီပါလာ သီရိသင်နာမှာ ရာဇပက်ဆာနှင့် သူ့လက်အောက် တွင် အမှုထမ်းခဲ့သူများအား စွဲဆိုထားသည့် အကျင့်ပျက်ခြစားမှု စွဲချက် များကို အရေးယူရန် ယမန်နှစ်ရွေးကောက်ပွဲတွင် သူမကို ထောက်ခံခဲ့ကြ သည့် အရပ်ဖက်အဖွဲ့အစည်းများထံမှ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ရာဇပက်ဆာမှာ ၂၀၀၈၉ခုနှစ်တွင် တမီကျားသူပုန်များကို အပြုတ်တိုက်ရ်ျ ၂၆နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သူအဖြစ်တိုင်းရင်းသားလူများစု ဖြစ်သည့် ဆင်ဟာလာ ဗုဒ္ဓဘာသာဝင်များကြားတွင် ရေပန်းစားလျှက်ပင် ရှိနေသေးသည်။

ဖခင် သမ္မတဖြစ်စဉ်က အမျိုးသားရပ်ဘီအသင်း၏ ကပ္ပတိန်ဖြစ်သည့် ယိုရှီသာကို ရဲတပ်ဖွဲ့က ၆နာရီကြာ စစ်မေးပြီးနောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟု ရဲအရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သားအပေါ် တင်ထားသည့် စွဲချက်ကို ရုံးတော်သို့ သွားရောက်နားထောင်ခဲ့ သည့် ရာဇပက်ဆာက ၄င်း၏ သားဖြစ်သူအား ရဲတပ်ဖွဲ့က ငွေကြေးခ၀ါချမှု အက်ဥပဒေကို အသုံးပြုရ်ျ ဖမ်းဆီးသည်ကို ဒေါသတကြီးဖြင့် ပြစ်တင်ရှုတ် ချခဲ့သည်ဟု ဆိုသည်။

“ဒီနေ့မှာ အစိုးရက အကြမ်းဖက်ဝါဒကို ခြေမှုန်းခဲ့တဲ့ ပုဂိုလ်ရဲ့သားကိုမှ အကြမ်းဖက်သမားတွေကို တပ်တဲ့ ဥပဒေနဲ့ ထောင်ထဲကို ပို့ခဲ့တယ်”ဟု ရာဇပက်ဆာက သတင်းထောက်များကို ပြောကြားခဲ့သည်။

“နိုင်ငံရဲ့ တရားရေးစနစ်ကို ကျနော်တို့ ယုံကြည်ပါတယ်။ တရားမျှတမှုက လွှမ်းမိုးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီလုပ်ရပ်အားလုံးက ကျနော့်ကို လက်စားချေနေတာပါ”ဟုလည်း ရာဇပက်ဆာက ပြောကြားခဲ့သည်။

ယခု အတိုက်အခံလွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် ရာဇာပက်ဆာမှာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံပိုင်ရုပ်သံချဲနယ်တစ်ခုတွင် ငွေကြေး အလွဲသုံးစားလုပ်မှုဖြင့် အစစ်ဆေးခံနေရသည်။

ရာဇာပက်ဆာကို ထောက်ခံသူအများစုကမူ စွဲချက်များမှာ ရာဇာပတ်ဆာ၏ ဂုဏ်သတင်းကျဆင်းစေရန်နှင့် မဲဆန္ဒရှင်များအား သူ့ကို ဆန့်ကျင်လာစေရန် ရည်ရွယ်စွဲဆိုခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List