Tuesday, February 02, 2016

Drone တွေကို လိုက်ဖမ်းဖို့ လင်းယုန်ငှက်ကို သင်တန်းပေး


မိုးပေါ်မှာ ​မလိုလားအပ်တဲ့အချိန်မှာ ​ပျံသန်းနေတဲ့ ​drone ​လေယာဉ်ငယ် ​တွေကို ​လိုက်ဖမ်းဖို့ ​ဒတ်ခ်ျရဲတွေက ​လင်းယုန်ငှက်ကို ​သင်တန်းပေးနေပါတယ်။ကင်မရာပါတဲ့ ​drone ​တွေ ​ဈေးပေါလာတဲ့အတွက် ​အပေါ်စီးကနေ ​မြင်ရတဲ့ ​ရှုခင်းကို ​မြင်ချင်တဲ့ ​လူတွေဟာ ​အဝေးထိန်း ​ခလုတ်တွေနဲ့ ​drone ​တွေကို ​အသုံးပြုကြတာ ​ဖြစ်ပါတယ်။
တခါတလေ ​အရေးပေါ် ​လူနာ ​တင်လာတဲ့ ​ရဟတ်ယာဉ်တွေဟာ ​အနီးအနား မှာ ​ပျံသန်းနေတဲ့ ​drone ​တွေကြောင့် ​ဆင်းသက်လို့ ​မရတာမျိုးတွေ ​ဖြစ်တတ်တဲ့အတွက် ​မလိုလားအပ်တဲ့ ​နေရာမှာ ​ပျံသန်းနေတဲ့ ​drone ​တွေကို ​လင်းယုန်ငှက်တွေက ​ဖမ်းဆီးပြီး ​လုံခြုံတဲ့ ​နေရာမှာ ​ချထားပေးဖို့ ​သင်တန်း ပေးနေတာ ​ဖြစ်ပါတယ်။
တခါတလေ ​ပွဲလမ်းတွေမှာ ​လူအုပ်ပေါ်ကို ​drone ​တွေ ​ပျံသန်းတာမျိုး ​ရှိတဲ့အတွက် ​အဲဒီ ​drone ​တွေ ​မတော်တဆ ​လူအုပ်ပေါ်ကျသွားရင်လည်း ​အန္တရာယ်များတယ်လို့ ​ဆိုပါတယ်။

လင်းယုန်ငှက်တွေနဲ့ ​ဖမ်းဆီးတဲ့နည်းအပြင် ​အဝေးထိန်း ​ခလုတ်စက်ကို ​ရဲတွေက ​ကြားဖြတ်ပြီး ​ထိန်းသိမ်းနိုင်မယ့် ​နည်းလမ်းတွေကိုလည်း ​တီထွင်ဖို့ ​ရဲတွေက ​စဉ်းစားနေပါတယ်။

လင်းယုန်ငှက်တွေကို ​သင်တန်းပေးထားပေမယ့် ​တကယ် ​အလုပ်လုပ်ခိုင်း မလား ​ဆိုတာကိုတော့ ​မဆုံးဖြတ်ရသေးဘူးလို့ ​သိရပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ​အရင်တလောတုန်းကပဲ ​နာမည်ကြီး ​မျော်စင်ပေါ်ကို ​drone ​တွေ ​ပျံသန်းတာမျိုး ​ရှိတဲ့အတွက် ​လုံခြုံရေးအတွက် ​စိုးရိမ်မှုတွေ လည်း ​ရှိခဲ့ပါတယ်။

ABC


No comments:

Post a Comment

My Blog List