Tuesday, February 02, 2016

လွှတ်တော်သစ်ကို ဂုဏ်ပြုကြောင်းနှင့် အမတ်သစ်များကို ဆက်လက် ထောက်ခံမည် ဖြစ်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်





ဒုတိယအကြိမ် လွှတ် တော်စတင်နိုင်ခဲ့သည့်သမိုင်းဝင် နေ့အတွက် လွှတ်တော်အမတ် သစ်များကို ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ထောက်ခံ အားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်အစည်းအဝေးစတင်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အမတ် သစ်များလွှတ်တော်တက်ရောက် ခြင်းကို ဂုဏ်ယူကြောင်း နှင့် ကျန်းမာကြပါစေကြောင်း အမေရိကန်သံ ရုံး၏ထုတ်ပြန်ချက်တွင် ဆုတောင်းဖော်ပြထားသည်။
ယခုကဲ့သို့ သမိုင်းဝင်နေ့ ရောက်ရှိလာရန် ရွေးကောက်ပွဲတွင် ပြည်သူများက ဆန္ဒများ ထုတ်ဖော်ပြသခဲ့ကြသည့် ဒီမိုက ရေစီဖြစ်စဉ်ကိုလည်း ဂုဏ်ပြု ကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြသည်။

လွှတ်တော်အမတ်သစ်များ အနေဖြင့် အရေးပေါ်တာဝန်ဖြစ် သည့် ငြိမ်းချမ်း ခြင်း၊ စည်ပင်ဝ ပြောခြင်း၊ တရားမျှတခြင်းများနှင့် ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက် ဖော်ဆောင်နိုင်ရန် ဆန္ဒပြုကြောင်းအမေရိကန်သံရုံးက ဆိုသည်။

ထို့အပြင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာကလည်း မြန်မာနိုင်ငံ တွင် ဒုတိယအကြိမ်လွှတ်တော် ပြန်လည်စတင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကာတာစင်တာအနေဖြင့် ရွေးကောက်ပွဲအလွန်လေ့လာရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။


သမိုင်းဝင် လွှတ်တော်သစ်စသည့်နေ့ကို သတင်းယူနေသော ပြည်တွင်း ပြည်ပမှ သတင်းထောက်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဦးဝင်းမြင့်စီးနင်းရန် အစိုးရက ပို့ပေးသော မာစီဒီးကားကို လွှတ်တော်အစည်းအဝေးအနီးတွင် တွေ့ရစဉ် (ဓာတ်ပုံ - ကိုမင်းဦးဖေ့ဘွတ်ခ်)
7Day News Journal



No comments:

Post a Comment

My Blog List