Monday, February 01, 2016

ဒီချုပ်ကိုယ်စားလှယ်များအခန်းရှေ့၌ အမှိုက်တွေ့၍ အမှိုက်ပုံးအတွင်းပစ်ရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ဇန်န၀ါ ရီ ၃၀ ရက် ညနေက ဒီချုပ်ကိုယ် စားလှယ်များနေထိုင်ရာ စည်ပင် ဧည့်ရိပ်သာသို့ဝင်ရောက်စစ်ဆေးစဉ် အခန်းရှေ့တွင် အမှိုက်တွေ့ ရှိသဖြင့် အမှိုက်ပုံးထဲသို့ပစ်ရန် သတိပေးပြောကြားခဲ့သည်။
အမှိုက်တစ်ခုကို တွေ့လျှင် တွေ့ချင်း ဒေါ်အောင်ဆန်းစုကြည် က အလျင်စလို သတိမပေးဘဲ အမှိုက်ပုံးရှိ၊မရှိ ဦးစွာရှာကြည့် ပြီး မြင်သောအခါမှ အမှိုက်ပုံး ထဲသို့ပစ်ရန် သတိပေးခဲ့ခြင်းဖြစ် သည်။

၎င်းသည် ကိုယ်စားလှယ် များနေရေးထိုင်ရေး အဆင်ပြေမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး သန့်စင်ခန်း နှင့် ရေချိုးခန်းအတွင်းအထိ ၀င် ရောက်စစ်ဆေးခဲ့သည်။

ရေချိုးခန်းအတွင်း ချော်လဲ မည်ကို သတိထားရန်၎င်း၏ကိုယ်စားလှယ်များကို ဂရုတစိုက် မှာကြားခဲ့သည်။

ထို့နောက် ကိုယ်စားလှယ် များ၏ စားသောက်ခန်းမသို့လည်း ၀င်ရောက်စစ်ဆေးခဲ့ပြီး ၀န်ထမ်း များနှင့် ရင်းနှီးနွေးထွေးစွာ စကား ပြောဆိုခဲ့သည်။

‘‘NLD ကိုယ်စားလှယ်တွေ လိမ္မာရဲ့လား’’ဟု ၀န်ထမ်းများကို ၎င်းကမေး သည်။ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အိပ်ဆောင် များကို မိနစ် ၄၀ ကြာ လိုက်လံ စစ်ဆေးပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးတွင်ကိုယ်တိုင်အမှိုက်ကောက်ခဲ့ပြီး တစ်နိုင်ငံ လုံး၌ အမှိုက် ကောက်သည့် ယဉ်ကျေးမှုကို အစပျိုးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List