Tuesday, February 02, 2016

‘‘မျက်ရည်ဝဲတယ်။ ဒါဝမ်းသာတဲ့ မျက်ရည်ပေါ့။ ဒီလိုအခြေအနေထိ ရောက်အောင် ဒေါ်စုနဲ့တကွ၊ ဦးတင်ဦးနဲ့တကွ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်’’ ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း


နှစ်ပေါင်း ၂၈ နှစ်ကြာ ဒီမို ကရေစီခရီးကြမ်းကို ဖြတ်သန်းပြီး နောက် ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံမှုဖြင့် အနိုင်ရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်နေရာအများစု ရရှိထား သည့် ပြည်သူ့လွှတ်တော်အသစ် ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပခဲ့သည်။

ပြည်သူများ၏ မျှော်လင့် ချက်ကို အကောင်အထည်ဖော် ပေးနိုင်မည်ဟု ယုံကြည်ထားသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမနေ့ ကျင်းပပြီးစီး သည့်အချိန်တွင် ယင်းပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကို 7DayDaily သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဒီမိုက ရေစီအရေးအတွက် လုံးပန်းခဲ့တဲ့ ရလဒ်ရယ်၊ ပြည်သူလူထုထောက် ခံမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဒီနေ့ လို သမိုင်းဝင်နေ့ရက်အတွက် အ ရင်ဦးဆုံး အန်ကယ်ဦးဝင်းထိန် ဘာများ ပြောချင်ပါသလဲ။
ကျွန်တော်တို့ ၂၈ နှစ်လုံး လုံးကြိုးစားခဲ့တယ်။ ရွေးကောက်ပွဲမတိုင်ခင် တုန်းကလည်း ပြဿနာပေါင်းမြောက်မြားစွာ ရင်ဆိုင်ခဲ့ရတယ်။ ရွေးကောက် ပွဲပြီးတော့ အခု ဒီအခြေအနေရောက်လာ တယ်။ ၀မ်းသာဖို့ အချိန်တောင် မရှိဘူး။ သို့သော်ဒီနေ့လို လွှတ်တော်တက်ရတဲ့ အချိန်ကျတော့ ကျွန်တော် တို့ မျှော်မှန်းခဲ့တဲ့၊ ကျွန် တော်တို့ လိုချင်တဲ့ လှေကားတော့ ရောက်ပြီ။ ဆက်တက်ရဦးမယ်။ အဲဒီလှေကားထစ်က ခိုင်လား၊ မခိုင်လားဆိုတာလည်း ကြည့်ရဦးမယ်။ မျက်ရည်ဝဲတယ်။ ဒါဝမ်းသာတဲ့ မျက်ရည်ပေါ့။ ဒီလိုအခြေအ နေထိရောက်အောင်ဒေါ်စုနဲ့တကွ၊ ဦးတင်ဦးနဲ့ တကွ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်။ သေတဲ့သူတွေလည်း သေကုန်ကြပြီ။ သူတို့ကို အထူး သတိရတယ်။ ၀မ်းသာရမယ့် အ စား ကျေနပ်တဲ့ ပီတိရတာပေါ့။ မျက်ရည်ဝဲ တာပေါ့။ ဒါပေမဲ့ နိုင်တယ်။ လွှတ်တော်ထဲ ရောက်ပေမယ့် ကျွန်တော်တို့ ကျေနပ်လို့မရဘူး။ မနေ့က ကိုယ်စားလှယ်တွေကို ပြောတဲ့ဟာလည်း ဒီလိုပဲ။ လက်မမထောင်ကြဖို့၊ကိုယ့်ခြေထောက်အောက်မှာ မြေကြီးရှိတယ်ဆိုတာ သတိရဖို့ အဲဒါအဓိက။ အဲဒီလိုလုပ်မှ ပြည်သူလူထု မျှော်မှန်းတဲ့ အလုပ်ကို နောက်ဆံမငင်ဘဲနဲ့ နောင်လုပ်ပေးနိုင်မှာ။
အစိုးရအဖွဲ့စာရင်းကို ဘယ်တော့ထုတ်ပြန်ဖြစ်မလဲ။
ဒေါ်စုကတော့ တိုင်ပင်နေတယ်။ Timing က အရေးကြီးတယ်။ အခု ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌကို အ ချိန်ကိုက်လုပ်တယ်။ အစိုးရအဖွဲ့ ကိုလည်း အချိန်ကိုက်လုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မတ်လ ၃၁ ရက်အထိ ဒီအစိုးရသက်တမ်း ရှိတယ်။ ဖေဖော်ဝါရီ၊ မတ်နှစ်လ အချိန်ရတယ်။ သင့်တော်တဲ့ အချိန်ကျတော့ Timing ကိုက် ကြေညာမှာ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကိုပဲ ဦးစားပေးတယ်လို့ ပြောထား တာတွေရှိပါတယ်။ အဲ ဒီအခါကျတော့ ၅၉(စ) မပြင်ဘဲ ဆိုင်းငံ့ထားမယ်ဆို တာတွေ ကြား နေရပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်သမ္မတဖြစ်ရေး အတွက် ၅၉ (စ) ကို ဆိုင်းငံ့ဖို့ကော ရှိပါသလား။အဲဒါကတော့ ပြောကြ၊ ဆို ကြတာကတော့ ရှိတယ်။ စဉ်းစား နေတာလည်း ရှိတယ်။ အဓိက ရည်ရွယ် ချက်က ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေးပဲ။ မြန်မလား၊ နှေးမလား ဆိုတာတော့ နောက်တစ်ပတ်တွေမှာ ဖြစ်လာမယ့်၊ လွှတ်တော်ထဲမှာ ဖြစ်လာ မယ့်အခြေအနေပေါ်မှာ မူတည်တယ်။
ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကို တပ်မတော်နဲ့ တွေ့တဲ့ အခါ တပ်မတော်ဘက်က ဘယ် လိုသဘောထားရှိပါသလဲ။
တပ်သဘောထားကတော့ အခုထက်ထိ အခြေအနေကောင်း တယ်။ သူတို့မှာ အနာဂတ်တိုင်း ပြည် ကောင်းစားရေးအတွက် ဆန္ဒရှိတယ်။ ကျွန်တော်တို့လည်း အဲဒီလိုဆန္ဒရှိတယ်။ ဆန္ဒချင်းတူ တာတော့ ကောင်းတာပေါ့။ ဒီနေ့ ဥက္ကဋ္ဌရွေးတာကို တပ်က သဘောမတူဘူးဆို နည်းနည်းကိုးရိုးကား ရားဖြစ်မှာပေါ့။ မတူလိုက်ဘူးဆို သူတို့ကို ပြည်သူလူထုက ဘယ် လိုထင်မလဲဆိုတာ အဲဒါလည်း ရှိ သေးတာပေါ့။ သဘောတူတယ် ဆိုတဲ့အတွက်ကြောင့် ရှောရှော ရှူရှူဖြစ်သွားတာပေါ့။

NLD နဲ့ တပ်မတော်နဲ့ နှစ်ခုပေါင်းလိုက်ရင် လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်း ကျော်တဲ့အတွက် ၅၉ (စ)ကို ပြင်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အဲဒီလိုကော လုပ်ဖို့ရှိပါသလား။
အဲဒီကိစ္စ ထိလွယ်ရှလွယ်တယ်။ ဒီအချိန်မှာ မဖြေတာကောင်းမယ်ထင်တယ်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
7Day News Journal


No comments:

Post a Comment

My Blog List