Monday, February 01, 2016

မြောက်ကိုရီးယားလက်နက်တင်သင်္ဘောအား ကူညီသည့် စင်ကာပူကုမ္ပဏီ ဒဏ်ရိုက်ခံရ


ကျုးဘားမှ မြောက်ကိုရီးယားသို့ တင်ပို့သည့် လက်နက်တင်သင်္ဘောကို အကူအညီပေးခဲ့သည့်အတွက် စင်ကာပူကုမ္ပဏီအား စင်ကာပူဒေါ်လာ ၁၈၀၀၀၀ ဒဏ်ရိုက်ခံရသည်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအား Chinpo Shipping ကုမ္ပဏီက ချိုးဖောက်သည်ဟု တရားရုံးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆုံးဖြတ်ခဲ့သည်။
ယင်းကုမ္ပဏီက မြောက်ကိုရီးယားသင်္ဘော Chong Chon Gang အား ပနားမားတူးမြောင်းဖြတ်သန်းခွင့်အတွက် ပနားမားသင်္ဘောလုပ်ငန်းထံ အမေရိကန်ဒေါ်လာ ၇၂၀၀၀ အား ကြားဝင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောတွင် သကြားတန်ချိန် ၁၀၀၀၀ အောက် စစ်လက်များ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

Chong Chon Gang သင်္ဘော ပနားမားတူးမြောင်းကို ဖြတ်သန်းစဉ် မှောင်ခိုမူးယစ်ဆေးများ တင်ဆောင်လာသည်ဟု သံသယရှိကာ တားမြတ်ခံ ခဲ့ရခြင်းဖြစ်သည်။

လက်နက်ပစ္စည်းများမှာ ပြင်ဆင်ရန်အတွက် မြောက်ကိုရီးယားသို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု ကျုးဘားက ပြောသော်လည်း သကြားအိတ်များ အောက် မည်သည့်အတွက်ကြောင့် သိုဝှက်သယ်ဆောင်လာခြင်းကိုမူ ပြောဆိုခြင်းမရှိပေ။

Chinpo ကုမ္ပဏီအား မြောက်ကိုရီုးယားအတွက် လိုင်စင်မဲ့ ငွေလွှဲပြောင်း ပေးအပ်မှုလုပ်ဆောင်ခြင်းအတွက်လည်း ဒဏ်ငွေ စင်ကာပူဒေါ်လာ တစ်သိန်း ဒဏ်ရိုက်ထားပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List