Friday, February 05, 2016

“၅၉ (စ) ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပါပဲဆိုတဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသိန်းဆွေနှင့် ခဏတာ”


``၅၉ (စ) ဆိုင်းငံ့ပြင်ဆင်မှုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားရမှာပေါ့။ အန်ကယ်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုဆိုထားလဲဆိုတာကို အခုချိန်ထိ လေ့လာနေတုန်းဖြစ်ပါတယ်။လုပ်နိုင်တဲ့ ကိစ္စလား၊ မလုပ်နိုင်တဲ့ကိစ္စလားဆိုတာကို ဥပဒေပညာရှင်မဟုတ် တဲ့အတွက် ဒီကိစ္စကို ပြန်လေ့လာတိုင်ပင်ပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရပါမယ်``ဟု ၄-၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ရောက်ရှိလာသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော် မတီဝင် ဦးသိန်းဆွေက သတင်းထောက်တွေကို ပြောပါတယ်။

၅၉ (စ) အတွက် တပ်မတော်က ပြည်နယ်/တိုင်း အချို့ဝန်ကြီးချုပ်နေရာနဲ့ ဆိုင်းငံ့မှုနဲ့ လဲလှယ်မှာလား မေးခွန်းကိုတော့-
``ဒီကိစ္စကိုတော့ မကြားပါဘူး။ တပ်မတော်အနေနဲ့လည်း တခုပေး တခုယူဆိုပြီး လုပ်ရင်လဲ အန်ကယ်တို့အနေနဲ့ သိနိုင်မယ် မထင်ပါဘူး။ အဓိက,ကတော့ နိုင်ငံနဲ့လူမျိုးအကျိုးအတွက်ပဲ ဆောင်ရွက်မယ်လို့ ထင်ပါတယ်။”
ပြည်ခိုင်ဖြိုးပါတီနှစ်ပိုင်းကွဲနေပြီလို့ ပြင်ပမှာ ပြောနေမှုအပေါ်ကို ဦးသိန်းဆွေက ``နှစ်ပိုင်းကွဲတာ မဟုတ်ပါဘူး။ အမြင်မတူတာတွေတော့ ရှိပါတယ်။ သဘောထား မတိုက်ဆိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်မှ ပါတီက ရှင်သန်မှာပါ။ အရင်လို တသွေး တသံ တမိန့်နဲ့ မရနိုင်တော့ပါဘူး။ ကွဲတယ်ဆိုတာတော့ မရှိပါဘူး။ ပါတီတွင်း အထက်၊ အလယ်၊ အောက်ခြေ မှာတော့ အမြင်မတူတာလေးတွေတော့ ရှိပါတယ်။”
ပါတီညီလာခံလုပ်ရင် ပါတီဝင်အချို့ထုတ်မယ်လို့ သတင်းကြားတဲ့အပေါ်ကို ဦးသိန်းဆွေက``ပါတီညီလာခံရောက်ရင်တော့ ဗဟိုကော်မတီဝင်တွေ နှုတ်ထွက်ပေးရပါတယ်။ ပြီးတော့မှ တက်လာတဲ့ ကိုယ်စားလှယ်တွေက အသစ်ပြန်ရွေးရပါတယ်။ ထုတ်ပယ်တာတော့ မဟုတ်ပါဘူး။ ရွေးချယ်ခံရ သူတွေက ဆက်လုပ်မယ်။ ပါတီကိုယ်စားလှယ်လူထုက မကြိုက်တဲ့သူ ကတော့ ဘေးဖယ်ပေးရမှာပေါ့။ ဒီသဘောပါ။ ထုတ်တယ်ဆိုတာတော့ မရှိပါ။ စည်းကမ်းဖောက်ဖျက်ရင်တော့ စည်းမျဉ်း စည်းကမ်းအရ အရေးယူ တာတော့ ရှိမှာပါ။ ပါတီတခုဆိုတာကတော့ အင်အားများလေ ကောင်း လေပေါ့။ အင်အားနည်းသွားအောင်တော့လုပ်မယ့် အစီအစဉ်မရှိပါဘူး။”

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



No comments:

Post a Comment

My Blog List