Tuesday, February 02, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်ဦးဝင်းမြင့်က ဥက္ကဋ္ဌတာဝန်ကို အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြု


မိမိအားပေးအပ်သည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားများ၏ အခြေခံလူ့အခွင့် အရေးများပိုမိုရရှိလာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း အားထုတ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခံရသည့် ဦးဝင်းမြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော်ကိုယ် စားလှယ်အများ စုတက်ရောက်ရသည့် ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော်ပထမဆုံး နေ့ဖြစ် သည့် ဖေဖော်ဝါရီ ၁ ရက်၌ NLD ဗဟိုအလုပ်အမှုဆောင် တာမွေ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
‘‘ဒီလွှတ်တော်အစည်းအဝေးကိုခေါ်ယူပေးတဲ့အပြင် လွှတ်တော်ကိုယ်စား လှယ်များ စားရေးသောက်ရေး၊ နေရေးထိုင် ရေး အစစအဆင်ပြေအောင် ကြို တင်မျှော်တွေးဆောင်ရွက်ပေးတဲ့ နာယကကြီးသူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ် များအားလုံးကိုလည်း ကျေးဇူး တင်ရှိ ကြောင်း ပြောကြားအပ်ပါတယ်’’ဟု ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ပထမ ဆုံးစတင်ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) သည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပြီး မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ် ဖွင့်ခွင့် ရကြသူများပီပီ လွှတ်တော်ကြီး၏ဂုဏ် ဒြပ်ကို ပိုမိုမြင့်မားတင့်တယ်စေရန် စွမ်းဆောင်ကြစေလိုကြောင်း ၎င်း က ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်အား တင် မြှောက်ခဲ့ပြီးဒုဥက္ကဋ္ဌအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးတီခွန်မြတ် အား တင်မြှောက်ခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအ ဖြစ် တင်မြှောက်ခံရသည့် နေ့တွင် ပင် ဥက္ကဋ္ဌ အဆောင်အယောင်အ ဖြစ် စီးနင်းရန် မာစီဒီးကားတစ်စီးကို အမျိုးသား စီမံကိန်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုစက်ပစ္စည်း စာရင်းအင်နှင့် စစ်ဆေးရေးဦးစီး ဌာနက လာရောက်ပေး အပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ထို့ပြင် ဦးဝင်းမြင့်သည် လွှတ်တော်ဥက္ကဋ္ဌနေထိုင်ရမည့် နေအိမ်သို့ မကြာမီရက်ပိုင်းအ တွင်း ပြောင်းရွှေ့ရန်ရှိကြောင်း ပါတီမှ တာဝန်ရှိသူ အချို့က ပြောသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၏ လစာ၊ စရိတ်၊အဆောင်အ ယောင်များ ဆိုင်ရာ ဥပဒေပါပြ ဋ္ဌာန်းချက်များအရ လွှတ်တော် ဥက္ကဋ္ဌတစ်ဦးသည် အစိုးရနေ အိမ်၊ ပရိဘောဂ၊ လုံခြုံရေးအ စောင့်အရှောက်၊ အခမဲ့ဆေးကု သခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ မော်တော်ယာဉ်လေးစီး၊ ယင်းယာဉ်များ အတွက် တစ်စီးလျှင် စက်သုံးဆီတစ်လလျှင် ဂါလန် ၆၀ စသည့် ခံစား ခွင့်များ ရရှိခံစားရမည်ဖြစ်သည်။
ထို့ပြင် ချီးမြှင့်ငွေအဖြစ်တစ် လလျှင် လစာကျပ် ၃၅သိန်း ခံစားခွင့်ရှိမည် ဖြစ်ကာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အသေးစိတ်အခြေ ခံရမည့်မူများ၌ ဖော်ပြချက်အရ ပြည်ထောင်စုအဆင့် လွှတ်တော် ဥက္ကဋ္ဌများသည် ဒုသမ္မတ အဆင့် နှင့်အညီရှိမည်ဖြစ်သည်။
7Day News Journal


No comments:

Post a Comment

My Blog List