Tuesday, February 02, 2016

ဆီးရီးယား အတိုက်အခံတွေ ကုလနဲ့ တွေ့ဆုံ


ဆီးရီးယားနိုင်ငံရဲ့ ​အတိုက်အခံ ​သူပုန်အဖွဲ့က ​ကုလသမဂ္ဂနဲ့ ​တရားဝင် ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပေမယ့် ​ဆီးရီးယား ​အစိုးရနဲ့ ​တိုက်ရိုက်မဟုတ်တဲ့ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှု ​လုပ်မယ်မလုပ်ဘူးဆိုတာ ​မသိရသေးပါဘူး။အခုလောလောဆယ် ​အခန်းတခန်းထဲမှာ ​ဆီးရီးယား ​အတိုက်အခံတွေ ​ရှိနေပြီး ​နောက်တခန်းမှာတော့ ​ဆီးရီးယား ​အစိုးရရဲ့ ​ကိုယ်စားလှယ်တွေ ​ရှိနေပါတယ်။
အခုလောလောဆယ် ​အတိုက်အခံတွေကတော့ ​ကုလသမဂ္ဂနဲ့သာ ​ဆွေးနွေးမှုလုပ်နေပြီး ​ဆီးရီးယား အစိုးရ ​ကိုယ်စားလှယ်နဲ့ ​တိုက်ရိုက် ​မဟုတ်တဲ့ ​ဆွေးနွေးမှု ​မလုပ်ခင်မှာ ​ဆီးရီးယား ​အစိုးရဘက်က ​လူသားခြင်း ​စာနာတဲ့ ​အကူအညီတွေ ​ဝင်ခွင့်ပေးရမယ်လို့ ​တောင်းဆိုထားပါတယ်။

ဆီးရီးယား ​အစိုးရကလည်း ​ကုလသမဂ္ဂကနေ ​အကူအညီတွေ ​ပေးပို့ဖို့ ​ပန်ကြားထားတဲ့အတွက် ​အဲဒီအဆိုကို ​မူအားဖြင့် ​လက်ခံတယ်လို့ ​တုန့်ပြန်နေပါတယ်။

အတိုက်အခံဘက်က ​ကုလသမဂ္ဂနဲ့ ​နှစ်နာရီကြာ ​ဆွေးနွေးခဲ့တဲ့အတွက် ​ဆီးရီးယား ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲက ​တရားဝင် ​စတင်ပြီလို့ ​ပြောဆိုလို့ ​ရပါတယ်။

ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲကလည်း ​မျက်နှာ်ချင်းဆိုင်တဲ့ ​ဆွေးနွေးပွဲ ​မဟုတ်ပဲ ​ကုလသမဂ္ဂက ​ကြားနေပြီး ​ဟိုဘက် ​ဒီဘက် ​ဆွေးနွေးမှု ​လုပ်ရမယ့် ​ဆွေးနွေးပွဲ ​ဖြစ်ပါတယ်။

အဲဒီလိုနည်းနဲ့ ​ပြုလုပ်တဲ့ ​ဆွေးနွေးပွဲက ​ဘာရလဒ်မှ ​ရရှိမှာ ​မဟုတ်ဘူးလို့ ​ပြောဆိုကြပေမယ့် ​အရှေ့အလယ်ပိုင်းဆိုင်ရာ ​အေဘီစီ ​သတင်းထောက် ​Matt ​Brown ​ကတော့ ​ဆွေးနွေးဖို့ ​သဘောတူတာကပဲ ​ကောင်းတဲ့ ​လက္ခာဏာလို့ ​ပြောလို့ရတယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​လူတွေ ​လိုလားနေတဲ့ ​အာဏာလွဲပြောင်းရေးတွေ၊ ​နေခြင်းညခြင်း ​အပစ်အခတ် ​ရပ်စဲရေးတွေတော့ ​ဖြစ်လာမှာ ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။

ဆီးရီးယား ​သမ္မတက ​ရာထူးကနေ ​ဆင်းပေးမယ်ဆိုရင်တောင် ​အတိုက်အခံ ​သူပုန်တွေအနေနဲ့ ​အစိုးရရဲ့ ​အဆွယ်အပွားတွေ၊ ​စစ်လက်နက်တွေနဲ့ ​ဆက်လက် ​ရင်ဆိုင်ရမယ်လို့ ​ဆိုပါတယ်။

Al ​Qaeda ​အဖွဲ့ရဲ့ ​အစိတ်အပိုင်းဖြစ်တဲ့ ​Jabhat ​al ​Nusrah ​နဲ့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့တွေကလည်း ​အလျှော့ပေးမှာ ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​ဖြစ်နိုင်ခြေ ​ရှိတာကတော့ ​ဒေသတချို့မှာ ​အပစ်အခတ် ​ရပ်စဲလိုက် တာတွေ၊ ​ဒုက္ခရောက်နေတဲ့ ​ဒေသမှာ ​ကူညီကယ်ဆယ်ရေး ​ပစ္စည်း ​ဝင်ခွင့်ပေးတာမျိုးတွေသာ ​ဖြစ်နိုင်မယ်လို့ ​အေဘီစီ ​သတင်းထောက်က ​သုံးသပ်ထားပါတယ်။

အတိုက်အခံတွေကတော့ ​သူတို့ဒေသမှာ ​လုပ်နေတဲ့ ​တိုက်ခိုက်မှုကို ​အရင်ဆုံး ​ရပ်ဆိုင်းပေးဖို့ ​တောင်းဆိုထားပေမယ့် ​ဆီးရီးယား ​အစိုးရကတော့ ​ဆွေးနွေးမှုရဲ့ ​ရလဒ်အပေါ် ​မူတည်မှသာ ​လုပ်ဆောင်ပေးနိုင်မယ်လို့ ​ပြောဆိုထားပါတယ်။

ဒါပေမဲ့ ​ဆီးရီးယား ​အစိုးရကနေ ​ပြန်လည် ​သိမ်းပိုက်ထားတဲ့ ​Madaya, ​al-Foua ​နဲ့ ​Kefraya ​မြို့ထဲကိုတော့ ​လူသားခြင်း ​စာနာတဲ့ ​အကူအညီတွေကို ​ဝင်ခွင့်ပေးဖို့ ​မူအားဖြင့် ​သဘောတူထားပြီလို့ ​ဆိုပါတယ်။

ကုလသမဂ္ဂကနေ ​ဘာပစ္စည်းတွေကို ​ဘယ်လို ​ပို့ပေးမလဲ၊ ​ဘယ်သူတွေက ​ဝင်ရောက်မလဲ ​စတဲ့ ​အသေးစိတ်တွေကို ​ဆောင်ရွက်ရဦးမှာ ​ဖြစ်လို့ ​ဘယ်တော့ ​ဝင်ခွင့် ​ပေးမလဲ ​ဆိုတာကိုလည်း ​မသိရသေးပါဘူး။

ABC

No comments:

Post a Comment

My Blog List